ရန်ကုန် နိုဝင်ဘာ ၂၆
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ကူညီမှု၊ Myanmar Voyages Internatio- nal Tourism Co., Ltd. ၏စီစဉ် ဆောင်ရွက်မှုဖြင့် Star Cruises (HK)Limited မှ Ms. Super Star Libraအပျော်စီးသင်္ဘောကြီး ယနေ့ နံနက် ၅ နာရီခွဲတွင် ရန်ကုန်မြို့ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှတစ်ဆင့် ဆိုက်ရောက်လာသည်။
မလေးရှား(တရုတ်) လူမျိုးများ အများဆုံးပါရှိသော ကမ္ဘာလှည့်ခရီးသည် ၁၂၉၄ ဦးနှင့် သင်္ဘောဝန်ထမ်းပေါင်း ၉၁၉ ဦးခန့် လိုက်ပါလာသည်။ အဆိုပါ ခရီးသည်များသည် ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန် မြို့တွင်းခရီးစဉ်များ၊ ပဲခူးနှင့်သန်လျင်၊ ကျောက်တန်း ခရီးစဉ်ဒေသများသို့သွားရောက်လည်ပတ်ကြသည်။
အဆိုပါ သင်္ဘောကြီးနှင့် လိုက်ပါ လာခဲ့သည့် MBS Alumini အဖွဲ့ ဝင် ၁၃ဝ တို့သည် ရန်ကုန်မြို့ရှိ မေရီချက်ပ်မင်း ဆွံ့အနားမကြားကျောင်း သို့သွားရောက်ကြပြီး ကျောင်း၌အသုံးပြုရန် ဘတ်စ်ကားတစ်စီးနှင့်အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပြီး နေ့လယ်စာကျွေးမွေးခဲ့သည်။ လှူဒါန်း ငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သုံးသောင်းခွဲခန့်ရှိသည်။
"Ms. Super Star Libra အပျော်စီးသင်္ဘောက မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်တယ်။ ယခုနှစ် ခရီးသွားရာသီတွင် အပျော်စီးသင်္ဘော ခုနစ်စင်း လာရောက်ခဲ့ပြီးဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ လေးစင်းထပ်မံလာရောက်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်'' ဟု Myanmar Voyages ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာက ပြောကြားခဲ့သည်။
အဆိုပါ ကမ္ဘာလှည့်သင်္ဘောကြီးသည် နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် မလေးရှားနိုင်ငံ ပီနန်ဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း၊ ယခု အပျော်စီးသင်္ဘောပေါ်တွင် ခရီးသည် ၁၃ဝဝ ခန့် လိုက်ပါလာခြင်းသည် ရန်ကုန်ဆိပ်ကမ်းသမိုင်းတွင် ခရီးသည်အများဆုံး တင်ဆောင်လာသည့် သင်္ဘောဖြစ်ကြောင်း သိရသည်။
ခင်ချိုဝင်း
No comments:
Post a Comment