Monday, November 3, 2014

ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများဆောင်ရွက်

Photo: ပြည်ထောင်စုဝန်ကြီးများနှင့်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်  
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများဆောင်ရွက်

စစ်တွေ  နိုဝင်ဘာ  ၂

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့် ဦးခင်ရီတို့သည် နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲ တွင် ဦးဥတ္တမခန်းမ၌ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ  ၄ဝဝ  ခန့်နှင့် တွေ့ဆုံခဲ့သည်။ ပြည်ထောင်စုဝန်ကြီးများမှ လက်ရှိဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအစီအမံများ၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်တာဝန်ခံများအနက်မှ ပြည်နယ်ကျန်းမာရေး၊ ပညာရေး၊ တက္ကသိုလ်တက်ရောက်သင်ကြားမှု အခြေအနေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သားငါးကဏ္ဍဖွံ့ဖြိုးရေး၊ ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်မှု၊ ရေလမ်းဖွံ့ဖြိုး တိုးတက်မှုနှင့် ဆရိုးကျချောင်းတူးဖော် မှုအခြေအနေ၊ အလုပ်အကိုင်အခွင့် အလမ်းများအခြေအနေနှင့် အလုပ်လက်မဲ့အခြေအနေ၊ အသက်မွေးဝမ်း ကျောင်းပညာရေး၊ မူလတန်းဆရာ ဆရာမများ မွေးထုတ်ရေး၊ သူနာပြု၊ သားဖွားဆရာမများမွေးထုတ်ရေး၊ ပြည်နယ်လမ်းတံတားများ တည်ဆောက်မှုအခြေအနေ၊ တန်းဖိုးနည်း အိမ်ရာများ တည်ဆောက်မည့် အလားအလာများ  ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေး ရပ်မိရပ်ဖများနှင့် မြို့မိမြို့ဖများအား ရှင်းလင်းတင်ပြစေခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် စစ်တွေ- ပုဏ္ဏားကျွန်း  - ကျောက်တော် လမ်းမကြီးအခြေအနေ၊ တည်ဆောက် ပြီးစီးလုဖြစ်သော ရှောက်ချောင်းတမံမှ ကျောက်တော်မြို့ ရေပေးဝေရေးတို့ကို စစ်ဆေးကြည့်ရှုသည်။ ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့ လျှပ်စစ်ဓာတ်အား ပေးခွဲရုံသို့ ရောက်ရှိပြီး လာမည့်ဒီဇင်ဘာလတွင် ပုဏ္ဏားကျွန်းမြို့၊ စစ်တွေမြို့၊ မြို့ဟောင်းမြို့၊ ကျောက်တော်မြို့များသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးရန် ဆောင်ရွက်နေမှု၏ နောက်ဆုံးအခြေ အနေများအား စစ်ဆေးခဲ့သည်။ ထို့အပြင် ပုဏ္ဏားကျွန်းစက်မှုဇုန် အကောင်အထည်ဖော်နေမှုအဆင့်ဆင့်အပေါ် လမ်းညွှန်ပေးခဲ့သည်။ ပုဏ္ဏားကျွန်းမြို့ ရေပေးဝေရေးအစီအမံအပေါ်ယခုနှစ်အတွင်း ပြီးစီးနိုင်သမျှ ကြိုးပမ်းရန်နှင့် လာမည့်မိုးကာလတွင် ရေသိုလှောင်နိုင်ရေး လမ်းညွှန်ခဲ့သည်။ ညပိုင်းတွင် ဝေသာလီအားကစားကွင်းအတွင်း ရခိုင်ပြည်နယ်အစိုးရ နပန်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအကြို လေ့ကျင့် မှုတွင် ကျောင်းသား ကျောင်းသူ ၂ဝဝဝ ခန့် ပါဝင်လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)

No comments:

Post a Comment