Saturday, November 1, 2014

မန်ချက်စတာယူနိုက်တက်နှင့်မန်ချက်စတာစီးတီး ဘောလုံးအသင်းမန်နေဂျာတို့၏ပုံတူရွှေဖရုံသီးဖြင့်ထုဆစ်




မန်ချက်စတာ အောက်တိုဘာ ၃၁ 

ဟယ်လိုဝင်းရက်သတ္တပတ်အကုန်တွင် ဒါဘီပွဲယှဉ်ပြိုင်ကစားကြရမည့် မန်ချက်စတာမြို့ခံ အင်္ဂလိပ်ပရီမီယာလိဂ်ပြိုင်ပွဲဝင်အသင်းနှစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက် အသင်းနှင့်မန်ချက်စတာစီးတီးအသင်းများမှ မန်နေဂျာများ၏ပုံတူကို ဘောလုံးပရိသတ်တစ်ဦးက ရွှေဖရုံသီးများပေါ်တွင် ထွင်းထုခဲ့သည်။ 

မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း၏ မန်နေဂျာလူးဝစ္စဘန်ဂါးလ်နှင့် မန်ချက်စတာစီးတီးအသင်း၏ မန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီတို့၏ ရုပ်သွင်များကို ဆိုင်မွန်မက်မင်းနစ်ဆိုသူ မန်ချက်စတာယူနိုက်တက်အသင်းအားပေးသူ ဘောလုံးဝါသနာရှင်က အချိန် ၂၅ နာရီကြာ ထွင်းထုခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦး၏ ရုပ်သွင်အားထုလုပ်ထားသည့် ရွှေဖရုံသီးများသည် တစ်လုံးလျှင် ၃၃ ပေါင် (၁၅ ကီလိုဂရမ်)စီရှိသည်။ မန်ချက်စတာယူနိုက်တက်အသင်းသည် နိုဝင်ဘာ ၂ ရက်တွင် အီတီဟတ်ဘောလုံးကွင်း၌ မြို့ခံမန်ချက်စတာစီးတီးအသင်းနှင့်ဒါဘီပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။  

ဘီဘီစီ

No comments:

Post a Comment