Saturday, November 1, 2014

မီးတောင်တစ်လုံးမှ ပြာမှုန်များ မှုတ်ထုတ်ပြီးနောက် ကော်စတာရီကာတွင် အရေးပေါ်အခြေအနေသတိပေး




ဆန်ဟိုဆေး အောက်တိုဘာ ၃၁ 

ကော်စတာရီကာနိုင်ငံတွင် ပေါက်ကွဲနေသည့် မီးတောင်တစ်လုံးမှ ပြာမှုန်များမှုတ်ထုတ်ပြီးနောက် အာဏာပိုင်များက အရေးပေါ်အခြေအနေ သတိပေးချက်တစ်ရပ်ကို ထုတ်ပြန်ထားကြောင်း အောက်တိုဘာ ၃၁ရက် ဒေသဆိုင်ရာသတင်းများ၌ ဖော်ပြသည်။ မီးတောင်မှမှုတ်ထုတ်လိုက်သည့် ပြာမှုန်များသည် ကော်စတာရီကာနိုင်ငံ မြို့တော်ဆန်ဟိုဆေးကို ကျော်လွန်ရောက်ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ 

ကော်စတာရီကာမြို့တော် ဆန်ဟိုဆေး၏ အရှေ့ဘက်ကီလိုမီတာ ၅ဝ (မိုင် ၃ဝ ကျော်)အကွာတွင်ရှိသည့် တူရီယမ်လ်ဘာအမည်ရှိ အဆိုပါမီးတောင်သည် အောက်တိုဘာ ၂၉ရက် ညပိုင်းမှ စတင်ကာ မြည်ဟည်းသံများ ထွက်ပေါ်ခဲ့ပြီး မြေငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့သည်။ 

မီးတောင်ပေါက်ကွဲမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်အတွက် အဆိုပါ မီးတောင်အနီးတစ်ဝိုက်၌ နေထိုင်ကြသူများအား ယာယီခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့ပေးထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ 

အဆိုပါမီးတောင်သည် လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်က ကြီးမားစွာ ပေါက်ကွဲခဲ့ဖူးသည်။ကော်စတာရီကာနိုင်ငံတွင် မီးတောင် ပေါင်းဒါဇင်နှင့်ချီရှိပြီး ၎င်းတို့အနက် အများစုမှာ မီးတောင်မြုံများဖြစ်သည်။ 

ဘီဘီစီ။

No comments:

Post a Comment