Saturday, November 1, 2014

ထင်သာမြင်သာပြုပြင်စရာ




ရွှေကူမြို့ အထက(၁) ထောင့်မှ ပြန့်ကျဲနေသော အမှိုက်ပုံ 

ဗန်းမော်ခရိုင် ရွှေကူမြို့၏သန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေးအတွက် မြို့တော်စည်ပင်သာယာရေးနှင့်ရပ်ကွက် ပြည်သူများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ 

သို့သော်လည်း ရွှေကူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းထောင့် ဖောင်ဖွဲ့ရေးလမ်း၊ သစ်တောဝင်းနှင့်ကျောင်းလမ်းကြားတွင် စည်းကမ်းမဲ့ အမှိုက်များ ငါးပုပ်၊ ငါးညှီနံ့ပါသောရေများ နေ့စဉ်စွန့်ပစ်သွန်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ထိုသို့စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်လျက်ရှိသော မသန့်ရှင်းသော ရေများအနီးမှ နေ့စဉ် ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ ဖြတ်သန်းသွားလာနေရပါသဖြင့် ရေရှည်တွင် ကျန်းမာရေးထိခိုက်လာနိုင်သည်ကို အများကစိုးရိမ်ပူပန်လျက်ရှိသည်။ 

 လဘန်အောင်(ကချင်မြေ)

No comments:

Post a Comment