Sunday, November 30, 2014

ရုရှားစစ်သင်္ဘောများ စစ်ရေးလေ့ကျင့်ရန် အင်္ဂလိပ်ရေလက်ကြားသို့ ဝင်ရောက်

Photo: ရုရှားစစ်သင်္ဘောများ စစ်ရေးလေ့ကျင့်ရန် အင်္ဂလိပ်ရေလက်ကြားသို့ ဝင်ရောက်

မော်စကို   နိုဝင်ဘာ  ၂၉

ရုရှားစစ်သင်္ဘောများသည် နိုဝင် ဘာ ၂၈ရက်က စစ်ရေးလေ့ကျင့်နိုင်ရန် အင်္ဂလိပ်ရေလက်ကြားအတွင်းသို့ ဝင်ရောက်ခဲ့ကြကြောင်း၊   ယူကရိန်း အရေးနှင့်ပတ်သက်၍  အနောက် အုပ်စုနိုင်ငံများနှင့်  တင်းမာမှုပေါ် ပေါက်ခဲ့ပြီးနောက် ရုရှားနိုင်ငံက စစ်အင်အားပြသလိုသည့် လက္ခဏာဖြစ်ကြောင်း အာရ်အိုင်အေသတင်း ဌာနက  နိုဝင်ဘာ  ၂၉ရက်တွင် သတင်းထုတ်ပြန်သည်။

ရုရှားမြောက်ပိုင်း ရေတပ်ဌာနချုပ်မှ ရေငုပ်သင်္ဘောဖျက်သင်္ဘော ဆီဗာရိုမော့စ် ဦးဆောင်သော စစ်သင်္ဘောများသည် ဒိုဗာရေလက်ကြားကို ဖြတ်သန်းဝင်ရောက်ခဲ့ပြီး ယခုအခါ   မုန်တိုင်းဘေးအန္တရာယ်မှ ပုန်းခိုနိုင်ရန် စိန်းပင်လယ်အော်ရှိ နိုင်ငံတကာ ရေပိုင်နက်အတွင်းသို့ ရောက်ရှိနေကြောင်း အဆိုပါ ရေတပ် ဌာနချုပ်က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။

စိမ့်ဝင်ထိုးဖောက်လာသော ရန်သူရေငုပ်သင်္ဘောတပ်ဖွဲ့ကို တန်ပြန်နိုင်စေရန် ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်ကြောင်းမြောက် ပိုင်းတိုင်းရေတပ်ဌာနချုပ်က ပြောကြားသည်။

အာရ်အိုင်အေ သတင်းဌာန၏ သတင်းဖော်ပြချက်များနှင့် ပတ်သက် ၍ ရုရှားရေတပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့က ဝေဖန်ပြောကြား ခြင်းမရှိပေ။

ရုရှားစစ်သင်္ဘောများ တည်ရှိမှုနှင့် ပတ်သက်၍ ပြင်သစ်ရေတပ်က အတည်ပြုပြောကြားသည်။   ရိုက်တာ။

No comments:

Post a Comment