နေပြည်တော် နိုဝင်ဘာ ၂၉
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး 15th ASEAN Chiefs of Army Multilateral Meeting (ACAMM-15) နှင့် (၂၄) ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ 24th ASEAN Armies Rifle Meet (24th AARM)ပိတ်ပွဲအခမ်းအနားတက်ရောက်ပြီး ယနေ့ညနေ ၆ နာရီ ၅ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ ခရီးစဉ်တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါခဲ့ကြကြောင်း သတင်းရရှိသည်။
(မြဝတီ)
No comments:
Post a Comment