Sunday, November 30, 2014

ပါလက်စတိုင်း နိုင်ငံတော်ထူထောင်ရေး ပြင်သစ်ပါလီမန်၌ အချေအတင်ဆွေးနွေး

Photo: ပါလက်စတိုင်း နိုင်ငံတော်ထူထောင်ရေး ပြင်သစ်ပါလီမန်၌ အချေအတင်ဆွေးနွေး

ပါရီ  နိုဝင်ဘာ ၂၉

ပါလက်စတိုင်း  နိုင်ငံတော်ထူထောင်ခြင်းကို  ပြင်သစ်အစိုးရအဖွဲ့က အသိအမှတ်ပြုလာစေရန် ဖိအားပေးသင့်၊ မသင့် ပြင်သစ်ပါလီမန်တွင် အချေအတင် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပလျက်ရှိသည်။ အရှေ့အလယ်ပိုင်း  ငြိမ်းချမ်းရေး အဓွန့်ရှည်တည်ရှိစေရန် အထောက် အကူပြုသည့် ဆွေးနွေးပွဲဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၉ရက်တွင် သတင်းထုတ် ပြန်သည်။

ပါလက်စတိုင်း နိုင်ငံတော်ထူထောင်ခြင်းကို ဥရောပနိုင်ငံများက ထောက်ခံအားပေးမှု တိုးတက်ဖြစ်ပေါ် လာနေချိန်တွင် ပြင်သစ်အမျိုးသား လွှတ်တော်က အချေအတင် ဆွေးနွေး ပွဲတစ်ရပ်ကို ကျင်းပနေခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲသည်တိုးတက်မှုမရှိဘဲ ဖြစ်နေပြီး ဂါဇာတွင် အစ္စရေးအစိုးရ၏ လှုပ်ရှားဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ရဟူဒီအခြေစိုက်ရာ ရပ်ကွက်များတိုးချဲ့မှုနှင့် ပတ်သက်၍ လည်းကောင်း ပြင်သစ်ပါလီမန်အမတ် အများအပြားမှာ စိတ်ပျက် လျက်ရှိနေကြသည်။

ပါလက်စတိုင်း နိုင်ငံတော် ထူထောင်ရေးတိုက်တွန်းသည့် အဆိုပြုချက်တစ်ရပ်ကို ပြင်သစ် အမတ်များက အတည်ပြုပေးမည်ဟု မျှော်လင့်ရသည်။ ပါလက်စတိုင်းနိုင်ငံတော် ထူထောင်ရေး နိုင်ငံတကာ၏ အသိ အမှတ်ပြုမှုကို မိမိထောက်ခံပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ရှင်သန်လာစေရန် တိုက်တွန်း အားပေးသွားမည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းက ပြောကြားခဲ့သည်။ ပီတီအိုင်။

No comments:

Post a Comment