Sunday, November 30, 2014

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအား အသရေဖျက်သော ဝက်ဘ်ဆိုက်ပိုင်ရှင် အမှုရှုံးနိမ့်

Photo: စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအား အသရေဖျက်သော ဝက်ဘ်ဆိုက်ပိုင်ရှင် အမှုရှုံးနိမ့်

စင်ကာပူ နိုဝင်ဘာ ၂၉ 

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း အား ဝက်ဘ်ဆိုက်တစ်ခုမှ  အသရေဖျက်ခဲ့သောကြောင့်   ပြန်လည်တရားစွဲ ဆိုခဲ့ရာယင်းအမှုကို နိုဝင်ဘာ ၇ ရက်က ဆုံးဖြတ်ခဲ့ပြီး     လီရှန်လွန်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။  

လီရှန်လွန်းသည် အွန်လိုင်းဝေဖန် ရေးဝက်ဘ်ဆိုက်တစ်ခုအား တရားစွဲဆို ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 

အသက် (၃၃) နှစ်အရွယ်မစ္စတာ ရိုးငေ့ဂ်ျက နိုင်ငံတော် ပင်စင်စား ဝန်ထမ်းများအတွက် ချွေတာရေး အစီအစဉ်၏  ဘဏ္ဍာငွေများအား ဗဟိုပင်စင်စားများငွေကြေးအဖွဲ့က စီမံခန့်ခွဲမှုပြုရာတွင် ဝန်ကြီးချုပ်အနေဖြင့် ငွေကြေးအလွဲသုံးစားပြုထားကြောင်း 'နှလုံးသားမှအမှန် တရားများ'အမည်ရှိ အွန်လိုင်းဝေဖန် ရေး ဝက်ဘ်ဆိုက်တွင်  ရေးသားအသရေဖျက်ခဲ့သောကြောင့် ဝန်ကြီးချုပ်က မေလအတွင်းက တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး လျော် ကြေးမည်မျှပေးရမည်ကိုမူ  တရားရုံး က မကြာမီ  ကြေညာလိမ့်မည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း တရားမမှု များနှင့်ပတ်သက်ပြီး လျော်ကြေးငွေ အနည်းဆုံး စင်ကာပူဒေါ်လာ နှစ်သိန်း ခွဲ (အမေရိကန်ဒေါ်လာ နှစ်သိန်း) ပေးရလေ့ရှိကြောင်း သတင်းများအရ သိရသည်။  

စင်ကာပူနိုင်ငံအကြီးအကဲဟောင်းများအနေဖြင့်လည်း နယူးယောက် တိုင်းမ်၊ဝေါစထရိဂျာနယ်၊ ဘလွန်းဘတ်ဂ်ျနှင့် စီးပွားရေးဂျာနယ်များ အပါအဝင် အခြားသောနိုင်ငံခြားမီဒီ ယာများနှင့်  တရားရင်ဆိုင်မှုများ မကြာခဏကြုံတွေ့ခဲ့ကြရသည်။ 

တရားသူကြီး လီဆိုင်ကင်သည် မစ္စတာငေ့ဂ်ျအား နောင်မည်သည့် အခါတွင်မှ ထိုကဲ့သို့သော ခိုင်မာမှု မရှိသည့်  အကြောင်းတရားများကို ပြည်သူများထံသို့ဖော်ပြခြင်းမပြုမိစေရန် တားမြစ်ပိတ်ပင်ခဲ့သည်။

စင်ကာပူအစိုးရအနေဖြင့် အင်တာနက်သုံးစွဲမှုမှ ရိုက်ခတ်လာသော ဆိုးကျိုးများအား မည်သို့ဖြေရှင်းရမည်ကို အဖြေရှာနေရသည်။ ယမန်နှစ်က သတင်းဝက်ဘ်ဆိုက်များဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းအသစ်များကို ပြဋ္ဌာန်း ခဲ့ကြောင်းသိရသည်။         ရိုက်တာ။

No comments:

Post a Comment