Sunday, November 2, 2014

ပထမကမ္ဘာစစ်ပွဲဝင်ရန် အန်ဇပ်အဖွဲ့မှ စစ်သည်များ ထွက်ခွာခြင်း နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်ကျင်းပ

 
 

 
အယ်လ်ဘာနီ (သြစတြေးလျ) နိုဝင်ဘာ ၁
 
 ပထမကမ္ဘာစစ်တွင် ပါဝင်တိုက်ခိုက်ရန် အန်ဇပ်အဖွဲ့မှ တပ်ဖွဲ့ဝင် ၃ဝဝဝဝတို့ ထွက်ခွာ ခြင်း နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် အခမ်း အနားကို သြစတြေးလျနိုင်ငံ အယ်လ်ဘာနီ မြို့၌ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပရာ ဒေသခံများထောင်နှင့်ချီ၍ တက်ရောက်ကြသည်။

သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ကြည်းတပ်တပ်ဖွဲ့ဝင်များပါဝင်သော (အန်ဇပ်) တပ်ဖွဲ့ဝင်များသည် ၁၉၁၄ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့တွင် သြစတြေးလျနိုင်ငံ အနောက် ဘက် အစွန်ရှိ အယ်လ်ဘာနီမြို့မှ ဥရောပ တိုက်သို့ ရေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားတွင် အဆိုပါ တပ်ဖွဲ့ဝင်များ၏ ရေယာဉ်စု ဥရောပ စစ်မြေပြင်သို့ ထွက်ခွာခြင်းကို ပြန်လည် သရုပ်ပြလုပ်ဆောင်ခဲ့သည်။

အခမ်းအနားသို့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် တိုနီအက်ဘော့နှင့် နယူးဇီလန် နိုင်ငံ ဝန်ကြီးချုပ် ဂျွန်ကီးတို့ တက်ရောက်ကြ သည်။

သြစတြေးလျနိုင်ငံသည် အဆိုပါစစ်သည်များ ဥရောပစစ်မြေပြင်သို့ ထွက်ခွာခြင်းမှစကာ ပထမကမ္ဘာစစ်အတွင်း ဝင်ရောက်ခဲ့သည်။ ယင်းစစ်သည်များအား ရေယာဉ် ၃၈ စင်းဖြင့် တင်ဆောင်ကာ သြစတြေးလျ၊ နယူးဇီလန်တို့မှ စစ်ရေယာဉ်များက ကာကွယ် စောင့်ရှောက် ပေးခဲ့ကြသည်။

သြစတြေးလျနှင့်နယူးဇီလန်တို့မှစစ်သည် များစွာအား ၁၉၁၅ ခုနှစ်တွင် ဆိုးရွားသော ဂယ်လီပိုလီစစ်မြေပြင်သို့ စေလွှတ်တိုက်ခိုက်စေခဲ့ရာ ယင်းတို့ထဲမှာ စစ်သည် ထောင်နှင့် ချီကာ ကျဆုံးခဲ့ရသည်။

အန်ဇပ်တပ်ဖွဲ့ဝင်များ ဥရောပသို့ ထွက်ခွာခြင်း ပြန်လည်သရုပ်ပြပွဲကို အယ်လ် ဘာနီမြို့၌ ကျင်းပရာ သြစတြေးလျရေတပ်မှ စစ်ရေယာဉ်ငါးစင်း၊ နယူးဇီလန်ရေတပ်မှ စစ်ရေယာဉ် နှစ်စင်းနှင့် ဂျပန်ရေတပ်မှ စစ်ရေ ယာဉ်တစ်စင်းတို့ ပါဝင်ခဲ့သည်။

ဘီဘီစီ။

No comments:

Post a Comment