Monday, November 3, 2014

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

Photo: သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နေပြည်တော်      နိုဝင်ဘာ      ၃

နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ဥက္ကဋ္ဌနှင့်  အမှုဆောင်အရာရှိချုပ်  မစ္စတာကာတာရောဘတ်စ် ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးဝင်းထွန်း၊ ဦးသန်းဌေးနှင့်  ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေး

ထိုသို့တွေ့ဆုံရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွေ့အကြုံများ မျှဝေပေးရေး၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာများ၊ ပညာရပ်များ သင်ကြားပို့ချနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။   (သတင်းစဉ်)

No comments:

Post a Comment