Monday, November 3, 2014

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုအစီအစဉ်များမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်



နေပြည်တော်         နိုဝင်ဘာ        ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားမည့်မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ချယ်ရီFM၊ ပတ္တမြား FM၊ FM ပုဂံနှင့် သဇင်အသံလွှင့်ဌာနတို့မှ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့၌ နံနက် ၇ နာရီ၊ နေ့လယ် ၁၁ နာရီ၊ ညနေ ၆ နာရီနှင့် ည ၈ နာရီတို့တွင် တစ်ရက်လျှင် လေးကြိမ်စီ ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

အဆိုပါ မိန့်ခွန်းအပြည့်အစုံကို နိုဝင်ဘာ ၅ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ်ပါသည်။

(သတင်းစဉ်)

No comments:

Post a Comment