Sunday, November 2, 2014

ဘာကီနာဖာဆို သမ္မတနုတ်ထွက်ပြီးနောက် တပ်မတော်အတွင်းသဘောထားကွဲလွဲ




ဘာဇီနာဖာဆို နိုဝင်ဘာ ၁

 နိုင်ငံ၏အာဏာကို ၂၇ နှစ်တာ အုပ်စိုးခဲ့သည့် ဘာကီနာဖာဆိုသမ္မတ ဘလိုင်ဆေးကွန်ပေါ်ရေး နုတ်ထွက်သွားပြီးနောက် နိုင်ငံကို ဦးဆောင်နေသော ဘာကီနာဖာဆို တပ်မတော်အတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်ကာ နှစ်ပိုင်းကွဲသွားခဲ့သည်။

မိမိတို့အနေဖြင့် နိုင်ငံအာဏာကို ရယူထားပြီဖြစ်ကြောင်း အဆိုပါသမ္မတ၏ ဒုတိယအစောင့်တပ်မှ ဗိုလ်မှူးကြီးအီဆာဇီဒါက ပြောကြားလိုက်သည်။ စောစောပိုင်းတွင် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးဟိုနို ရေးထရာအိုရေးကလည်း ၄င်းအနေဖြင့် နိုင်ငံအာဏာကို ရယူထားကြောင်း ပြောကြားခဲ့သည်။

 မစ္စတာကွန်ပေါ်ရေး သမ္မတအဖြစ်မှ နုတ်ထွက်ကြောင်း သောကြာနေ့နှောင်းပိုင်းက ကြေညာခဲ့သည်။ ၄င်းသည်အစောပိုင်းတွင် ကြားဖြတ်အစိုးရအနေဖြင့် နောက်ထပ် တစ်နှစ်အာဏာရယူထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 နိုင်ငံကို ၂၇ နှစ်ကြာအုပ်ချုပ်ခဲ့ပြီး ဆက်လက်အာဏာရယူရန်ကြိုးစားမှုကြောင့် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး တစ်ရက်အကြာ သမ္မတကနုတ်ထွက်ရန် ကြေညာခဲ့ခြင်းဖြစ်သည်။

 ဗိုလ်ချုပ်ကြီး ထရာအိုရေးက နိုင်ငံအကြီးအကဲ အဖြစ်ပြောကြားနေခြင်းမှာ ယခုအခါ တစ်ခန်းရပ်သွားပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးဇီဒါက စနေနေ့တွင်ပြောသည်။ ကြားဖြတ်အစိုးရအကြီးအကဲတာဝန်မှာ မိမိတွင်သာတာဝန်ရှိကြောင်း ဗိုလ်မှူးကြီးဇီဒါ၏ပြောကြားချက်ကို ကိုးကားလျက် အေအက်ဖ်ပီသတင်း တစ်ရပ်တွင်ဖော်ပြသည်။ 

(ဘီဘီစီ)

No comments:

Post a Comment