Sunday, November 2, 2014

အမေရိကန်၌ နှစ်ပတ်အတွင်း ဒုတိယမြောက်အာကာသယာဉ်ပျက်ကျ အာယာသယာဉ်မှူးသေဆုံးပြီး တစ်ဦးဆေးရုံရောက်


 


ကယ်လီဖိုးနီးယား နိုဝင်ဘာ ၁

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားသဲကန္တာရအတွင်း ခရီးသွားအာကာသယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦးသေဆုံးပြီး အခြားတစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။ 

Virgin Galactic ကုမ္ပဏီအုပ်စုမှ Spaceship Two အမည်ရှိ ခရီးသွားအာကာသယာဉ်တစ်စင်းသည် လူလိုက်ပါမှုစမ်းသပ်ပျံသန်းစဉ် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အာကာသယာဉ်သည် ဇန်နဝါရီလက လော့အိန်ဂျလိစ်မြို့မြောက်ပိုင်း မိုဂျာဘီသဲကန္တာရအပေါ် စမ်းသပ်ပျံသန်းခဲ့ပြီးနောက် ပထမဆုံးအကြိမ်စမ်းသပ်ပျံသန်းခဲ့ခြင်းဖြစ်သည်။

 ''ဒီဖြစ်ရပ်ကြောင့် စိတ်တုန်လှုပ်ချောက်ချားရသလို ဝမ်းနည်းမှုလည်းဖြစ်ရပါတယ်''ဟု Virgin အုပ်စုကို ထူထောင်သူ ဆာရစ်ချတ်ဘရန်ဆင်ကပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့် မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်း ၎င်းကပြောကြားသည်။ 

 အဆိုပါ အာကာသယာဉ်ပျက်ကျမှုကြောင့် အာကာသယာဉ်မှူးတစ်ဦး မြင်ကွင်း၌ ချက်ချင်းသေဆုံးသွားခဲ့ပြီး အခြားတစ်ဦး ဆေးရုံသို့ ပို့ပေးခဲ့ရသည်ဟု ဆိုသည်။ အာကာသယာဉ်ကို ဝှိုက်နိုက်တူးဟု လူသိများသည့် ဒုံးပစ်စင်မှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။အမေရိကန်နိုင်ငံတွင် ယင်းကဲ့သို့ အာကာသယာဉ်ပျက်ကျမှုမှာ သီတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အင်္ဂါနေ့က ဗာဂျီးနီးယား၌ လူလိုက်ပါခြင်းမရှိသည့် အန်တာရက်စ်အာကာသယာဉ်လည်း လွှတ်တင်ပြီး မကြာမီပျက်ကျခဲ့ရသည်။ 


(ဘီဘီစီ)

No comments:

Post a Comment