Saturday, November 29, 2014

မြေငလျင်လှုပ်မှုကြောင့် စစ်ကိုင်းမြို့ရှိ ဘုရားသုံးဆူ ထီးတော်နှင့်စိန်ဖူးတော်များ မြေခ

Photo: မြေငလျင်လှုပ်မှုကြောင့် စစ်ကိုင်းမြို့ရှိ ဘုရားသုံးဆူ ထီးတော်နှင့်စိန်ဖူးတော်များ မြေခ
================================

စစ်ကိုင်း နိုဝင်ဘာ ၂၈

နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၇ မိနစ်က ပြင်ဦးလွင် အရှေ့မြောက် ဘက် သုံးမိုင်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ အဆင့်ရှိ  မြေငလျင်လှုပ် သွားသဖြင့် စစ်ကိုင်းမြို့ရှိ  သမိုင်းဝင်ဘုရားများဖြစ်သော  မရှိခဏဘုရား တွင် စိန်ဖူးတော်မြေခသွားပြီး ဆင်များရှင်ဘုရား အရံစေတီတော်စိန်ဖူးတော် နှင့်  လေးကျွန်းမာန်အောင်ဘုရား  စိန်ဖူးတော်မြေခသွားသည်။

မြေငလျင်ဒဏ်ကြောင့် စိန်ဖူးတော်၊ ရွှေထီးတော်များ မြေခပျက်စီးရာသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွေးမြင့်နိုင်(စစ်ကိုင်း)

No comments:

Post a Comment