Saturday, November 29, 2014

အရစ္စဘိန်းတွင် နှစ် ၃၀ အတွင်း အဆိုးရွားဆုံးမုန်တိုင်းတိုက်ခတ်

Photo: အရစ္စဘိန်းတွင် နှစ် ၃၀ အတွင်း အဆိုးရွားဆုံးမုန်တိုင်းတိုက်ခတ်

ဘရစ္စဘိန်း နိုဝင်ဘာ ၂၈

သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်  အရှေ့တောင်ပိုင်းတစ်ဝန်း မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် ဘရစ္စဘိန်းမြို့၌    ရှင်းလင်းမှုများပြုလုပ်လျက်ရှိသည်။ 

အဆိုပါမုန်တိုင်းကြောင့် မိုးသီးများ ဂေါက်သီးလုံးအရွယ်ကျရောက်ခဲ့ပြီး ပျက်စီးမှုအများအပြားဖြစ်ပွားခဲ့သည်။ တစ်နာရီ ၈၅ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့သည့် အဆိုပါမုန်တိုင်းကြောင့်  သစ်ပင်ကြီးများလဲပြိုခြင်းနှင့်  ဓာတ်အားလိုင်းများပြိုလဲခြင်းများဖြစ်ကာ အိမ်ပေါင်း ၉ဝဝဝဝ ကျော်  ဓာတ်အားပြတ်တောက်ခဲ့ရသည်။ ဘရစ္စဘိန်းတစ်ဝန်း  ရထားပြေးဆွဲမှု များရပ်ဆိုင်းကာ  ခရီးသည်အများအပြား သောင်တင်ခဲ့သည်။

အဆိုပါ မုန်တိုင်းကြောင့်  သြစတြေးလျဒေါ်လာသန်း ၁ဝဝ ကျော် ထိခိုက်ဆုံးရှုံးမှု   ဖြစ်ခဲ့ရကြောင်း ပို့ဆောင်ရေးဝန်ကြီး စကော့ အီမာဆင်က   ခန့်မှန်းပြောကြားသည်။ 

ယင်းမုန်တိုင်းသည်  ဘရစ္စဘိန်းသို့ ဝင်ရောက်သော   မုန်တိုင်းများ တွင် နှစ် ၃ဝအတွင်း အဆိုးရွားဆုံး ဖြစ်ဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။  ၁၉၈၅ ခုနှစ် နောက်ပိုင်း ဘရစ္စဘိန်း မြို့သို့ဝင်ရောက်သော  မုန်တိုင်းများတွင်   အဆိုးရွားဆုံးဖြစ်သည်ဟု    ကွင်းစလန်းပြည်နယ်    ဝန်ကြီးချုပ် ကင်းဘဲလ်နယူးမန်းက ပြောသည်။ ကြာသပတေးနေ့     မွန်းလွဲပိုင်းက တိုက်ခတ်သော   ယင်းမုန်တိုင်းကြောင့် လျှပ်စစ်ရထားများနာရီ ပေါင်းများစွာပိတ်မိပြီး ရပ်ဆိုင်းထားခဲ့ရသည်။  (ဘီဘီစီ)

No comments:

Post a Comment