Saturday, November 29, 2014

သမ္မတအိုဘားမား ဂျော်ဒန်ဘုရင်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံမည်



ဝါရှင်တန် နိုဝင်ဘာ ၂၈


အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ဒီဇင်ဘာ ၅ ရက်တွင် အိမ်ဖြူတော်၌ ဂျော်ဒန်ဘုရင်အဗ္ဗဒူလာ(၂)နှင့် တွေ့ဆုံကာ အရှေ့အလယ်ပိုင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

အိုဘားမားနှင့်ဂျော်ဒန်ဘုရင်တို့သည် အစ္စလာမ္မစ်အကြမ်းဖက်အုပ်စုကို ချေမှုန်းရင်းနှင့်ဆီးရီးယားတွင် နိုင်ငံရေးအဖြေရှာရေး၊ အီရတ်နှင့်ဆီးရီးယား တွင်ဖြစ်ပွားသော ပဋိပက္ခအတွင်း ဒုက္ခသည်များကို လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေးနှင့် ဂျေရုဆလင်တွင်ဖြစ်ပွားနေသော တင်းမာမှုများဖြေလျှော့ရေးတို့နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမည်ဟု အိမ်ဖြူတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ဂျော့အီးယားနက်က ပြောကြားသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသည် အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အမေရိကန်နှင့် ဂျော်ဒန်နှစ်နိုင်ငံအနေဖြင့် အတူတကွပူးပေါင်းလုပ်ဆောင်ရန် အခွင့်အရေး တစ်ခုဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။ (ဆင်ဟွာ)

No comments:

Post a Comment