Friday, November 28, 2014

နှစ်နိုင်ငံနှင့်ဒေသတွင်းတရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များဆွေးနွေး

Photo: နှစ်နိုင်ငံနှင့်ဒေသတွင်းတရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များဆွေးနွေး
=====================================

နေပြည်တော်  နိုဝင်ဘာ  ၂၇

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ     ပြည်သူ့တရား လွှတ်တော်ချုပ် တရားသူကြီး မစ္စတာ ဇန်းဂျီရနန်းဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီ ခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စု တရားသူကြီးချုပ်က နှစ်နိုင်ငံဥပဒေ နှင့်တရားရေးရာကိစ္စများတွင် ယခင် ကပင် ကောင်းမွန်သောဆက်ဆံမှုများ ရှိခဲ့ပါကြောင်း၊ နန်နင်းမြို့၌ ကျင်းပ ခဲ့သည့်  ၂ဝ၁၄ ခုနှစ်     China-ASEAN Justice Forum  တွင် ထုတ်ပြန်ခဲ့သည့်  Nanning State- ment   သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား တရားစီရင်ရေးကဏ္ဍတွင်   မဟာ ဗျူဟာကျသော ဆက်စပ်ဆောင်ရွက်မှု များကို ပိုမိုခိုင်မာစေသည့် ကြေညာ ချက်ဖြစ်ပါကြောင်း၊    ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည်  တရား စီရင်ရေး ရည်မှန်းချက်များနှင့်အညီ ''လူတိုင်းသို့    အရည်အသွေးမြင့်  တရားမျှတမှုများကို ဖြည့်ဆည်းပေး ရန်၊ တရားရုံးများအပေါ် ပြည်သူလူထု ၏စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိ သည့်     တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်'' ရည်ရွယ်၍ သုံးနှစ်တာ မဟာဗျူဟာစီမံကိန်း ၂ဝ၁၅- ၂ဝ၁၇ ခုနှစ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါ ကြောင်း၊    ဒေသတွင်းနိုင်ငံများ၌ကျင့်သုံးသည့်ဥပဒေစနစ်များ  မတူ ကွဲပြားသော်လည်း တရားစီရင်ရေးရာ စီမံခန့်ခွဲမှုများ တိုးတက်ဖြစ်ထွန်းရန် မှာ   တရားစီရင်ရေးအဖွဲ့အစည်း အားလုံး၏ တူညီသောရည်မှန်းချက်တစ်ရပ်ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ     ပြည်သူ့တရား လွှတ်တော်ချုပ်နှင့်   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့သည် တရား စီရင်ရေးရာ    ပြုပြင်ပြောင်းလဲမှု သတင်းအချက်အလက်များ  မျှဝေ ခြင်း၊   တရားသူကြီးများ၏အရည် အသွေးတိုးမြှင့်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးရှိ သည့် တရားစီရင်ရေးရာနယ်ပယ်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ဖြင့် ပြောကြားသည်။

ဆက်လက်၍ နှစ်နိုင်ငံနှင့် ဒေသ တွင်းတရားစီရင်ရေး ပူးပေါင်းဆောင် ရွက်မည့်အစီအစဉ်များကို ဆွေးနွေး ပြောကြားကြသည်။

ကိုယ်စားလှယ်အဖွဲ့တွင် ဂျီလင်း ပြည်နယ်    ပြည်သူ့တရားရုံးဥက္ကဋ္ဌ    မစ္စတာ ဝမ်ရှိန်ဆောင်း၊ လိုင်ယွန်နိုင်း ပြည်နယ်    ပြည်သူ့တရားရုံးဥက္ကဋ္ဌ   မစ္စတာမိုင်ရိုဒီရှန်း၊  ရှင်ဂျန်းအူဂျာ   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပြည်သူ့ တရားရုံး ဒုတိယဥက္ကဋ္ဌ မစ္စတာလန် ဖန်ရှင်း၊ ပြည်သူ့တရားလွှတ်တော်ချုပ် မှ တာဝန်ရှိသူများနှင့်  မြန်မာနိုင်ငံ ဆိုင်ရာ   တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ လိုက်ပါလာ ကြသည်။ 

ထို့နောက် ကိုယ်စားလှယ်အဖွဲ့ သည် ပြည်ထောင်စုတရားလွှတ်တော် ချုပ်အစည်းအဝေးခန်းမ၌   ပြည် ထောင်စု     တရားလွှတ်တော်ချုပ်  တရားသူကြီးများ    ဖြစ်ကြသော ဦးသာဌေး၊   ဦးစိုးညွန့်၊ ဦးမြင့်ဟန် နှင့် နှစ်နိုင်ငံတရားစီရင်ရေးစနစ်နှင့် စပ်လျဉ်း၍    ဆွေးနွေးပွဲပြုလုပ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံး၌ အမှုများစစ်ဆေးကြားနာနေမှု ကိုလေ့လာကြည့်ရှုခဲ့ကြသည်။ 

ညပိုင်းတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများက ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့ ဝင်များကို နေပြည်တော်မြတ်တော်ဝင် ဟိုတယ်၌       ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိ သည်။             (သတင်းစဉ်)

No comments:

Post a Comment