Friday, November 28, 2014

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံရုံးဖွင့်

Photo: မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံရုံးဖွင့်
=========================

ရန်ကုန်  နိုဝင်ဘာ  ၂၇

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် နိုင်ငံ သံရုံးဖွင့်ပွဲကို   ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်  ပြည်လမ်းမ   ခုနစ်မိုင်  အမှတ်(၇) ပြည်သူ့လမ်းသွယ်ရှိ  အဆိုပါသံရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒိန်းမတ်နိုင်ငံ Trade and Development Cooperation    မှ  ဝန်ကြီး H.E.Mr.Mogens Jensen၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ရန်ကုန် မြို့ရှိ  နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများ၊ ကုလသမဂ္ဂဆိုင်ရာ  ဌာနေ ကိုယ်စားလှယ်များ၊  နိုင်ငံရေးအဖွဲ့ အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ   မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး  H.E.Mr.Peter Lysholt Hansen က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက်   သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့်ဒိန်းမတ်နိုင်ငံ   Trade  and  Development  Cooperation  မှ ဝန်ကြီးတို့က   ဂုဏ်ပြုအမှာစကား ပြောကြားကြပြီး သံရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 
           
(သတင်းစဉ်)

No comments:

Post a Comment