Friday, November 28, 2014

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးဆိုင်ရာဝန်ကြီးအား လက်ခံတွေ့ဆုံ

Photo: ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးဆိုင်ရာဝန်ကြီးအား လက်ခံတွေ့ဆုံ
==============================================

နေပြည်တော်   နိုဝင်ဘာ   ၂၇

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ရုရှားဖက် ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီဆိုင်ရာဝန်ကြီး မစ္စတာ နီကိုလိုင်း ပီ၊ ပက်ထရစ်ရှက်ဖ် ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ညနေ ၄နာရီ ၁၅မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 

အဆိုပါတွေ့ဆုံပွဲသို့   ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ   ပြည်သူ့လွှတ်တော်      တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့်တိုင်ကြားစာများ၊ အသနားခံစာ များစိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၊   ပြည်သူ့ရေးရာစီမံခန့်ခွဲမှု  ကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဦး၊  နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ  ဦးလှမြင့်ဦး၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ  ဦးတီခွန်မြတ်၊ ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဦးမောင်တိုး၊ ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  လုံခြုံရေးကောင်စီဆိုင်ရာ ဝန်ကြီးနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  သံအမတ်ကြီး H.E. Mr. Vasiliy Pospelov လည်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံစဉ်  လွှတ်တော်ရေးရာနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ   ဆွေးနွေးခဲ့ကြသည်။               
  (သတင်းစဉ်)

9 people reached

No comments:

Post a Comment