Friday, November 28, 2014

လူနာများအား အခမဲ့ကုသပေးသဖြင့် ပြည်သူများက ဆေးရုံကြီးများကို အားကိုးမှုပိုမိုရှိလာ

Photo: လူနာများအား အခမဲ့ကုသပေးသဖြင့် ပြည်သူများက ဆေးရုံကြီးများကို အားကိုးမှုပိုမိုရှိလာ
===========================================

နေပြည်တော်   နိုဝင်ဘာ  ၂၇

ဒုတိယသမ္မတ  ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက်ပိုင်းတွင်   မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးရှိ ဝန်ထမ်းများအားတွေ့ဆုံပွဲနှင့်  အလှူငွေပေးအပ်ပွဲသို့ တက်ရောက်၍  အမှာစကားပြောကြားခဲ့သည်။

ရှေးဦးစွာ   ဆေးရုံကြီးဝင်း အတွင်း တိုးချဲ့ ၁ဝ ထပ်ဆောင်ရှိ Training   Centre  ခန်းမတွင် ဒုတိယသမ္မတအား ဆေးရုံအုပ်ကြီး က ခေတ်မီစက်ကိရိယာပစ္စည်းများ တပ်ဆင်အသုံးပြုမှု၊ နိုင်ငံတော်၏ အထောက်အပံ့ဖြင့်   ဆေးရုံတက် လူနာများအား အခမဲ့ကုသပေးနေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု တိုး တက်ဆောင်ရွက်ပေးနိုင်မှု၊ ဆောက် လုပ်ပြီး၊ ဆောက်လုပ်ဆဲအဆောက် အအုံ ပြီးစီးမှုများနှင့် ၂ဝ၁၄ ခုနှစ် လုပ်ငန်း  လျာထားချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက အမှာစကား ပြောကြားရာတွင်  ကျန်းမာရေးနှင့် ပတ်သက်၍   အဆောက်အအုံ လိုအပ်ချက်၊ ဝန်ထမ်းလိုအပ်ချက်၊ ဆေးရုံသုံးစက်ကိရိယာ လိုအပ်ချက် နှင့် ဆေးပညာရပ်ဆိုင်ရာသင်ကြားရေးပိုင်းလိုအပ်ချက်များကို သိရှိပါ ကြောင်း၊      နိုင်ငံတော်ကလည်း ဘတ်ဂျက်အပေါ်မူတည်ပြီး အတတ် နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊     သို့သော် ဆေးရုံတိုင်းတွင်     လူနာများ ပြည့် ကျပ်နေသည့်အတွက်   ခုတင်များ အပြင်ခုံတန်းများပါ      အစားထိုး ဆောင်ရွက်နေသည်များကိုလည်း တွေ့ရှိနေရကြောင်း၊ လက်ရှိ ဖွဲ့စည်း ပုံအရဆရာဝန်၊ ဆရာမများလိုအပ် နေသေးပါကြောင်း၊   လူနာများအား အခမဲ့ကုသပေးမှုများ  ရှိလာသဖြင့် ပြည်သူများက ဆေးရုံကြီးများကို အားကိုးမှု ပိုမိုရှိလာသည်ကိုတွေ့ ရှိရကြောင်း၊   ယခုအခါဆေးဝါး အခမဲ့ကုသပေးမှုများကို ပိုမိုဆောင်ရွက်ပေးနေခြင်းကြောင့်   ပြည်သူ များက ဆေးရုံကြီးကို  ပိုမိုအားကိုး လာသဖြင့်    ဝန်ဆောင်မှုအပိုင်း တွင်    ပိုပြီးအားနည်းသွားနိုင်ပါ ကြောင်း၊ လက်ရှိတိုးချဲ့  ၁ဝ ထပ် ဆောင်ကြီးတွင် လူနာများကို တက် ရောက်ကုသမှုပေးနိုင်ပါက လက်ရှိ အဆောင်များတွင်    ပြည့်ကျပ်မှု မရှိတော့ဘဲ သက်သောင့်သက်သာ ကုသမှုခံယူလာနိုင်တော့မည်ဖြစ်ပါ ကြောင်း၊ လက်ရှိတွင် အဆင့်မြင့် စက်ကိရိယာများဖြင့်   ကုသပေး လျက်ရှိသော်လည်း လိုအပ်ချက်များ မှာ ရှိနေဦးမည်သာ ဖြစ်ပါကြောင်း။

နိုင်ငံတကာ အတွေ့အကြုံများ အရ စင်ကာပူနိုင်ငံမှ Speciality (or)  sub-speciality  ထက် primary care  အဆင့်ကိုသာ  သွား စေချင်ကြောင်း    အကြံပြုကြပြီး တရုတ်နိုင်ငံတွင်လည်း  ချောင်းဆိုး ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် ငှက်ဖျားရောဂါတို့ ဖြစ်ပွားမှုမရှိ သလောက်   ဖြစ်နေပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော်တစ်ကိုယ် ရေသန့်ရှင်းမှုနှင့် ကျန်းမာရေးအသိ ကိုယ်စီရှိနေသောကြောင့် တဖြည်း ဖြည်း  ရောဂါဖြစ်ပွားမှုလျော့နည်း သွားခြင်းဖြစ်ပါကြောင်း၊ လက်ရှိ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်း များ  လိုအပ်ချက်ရှိနေပြီး ပြင်ပတွင် မူ ဆရာဝန်၊ ဆရာမများ ပိုနေခြင်း ကြောင့်  ဝန်ထမ်းအများအပြား   ခန့်ထားနိုင်ရန်လိုအပ် ပါကြောင်း။ 

ထိုသို့ခန့်ထားနိုင်ရန် လက်ရှိ ဆေးရုံခုတင်များ     တိုးချဲ့နိုင်ပါက လစ်လပ် ရာထူးများပေါ်လာပြီး ပိုမို ခန့်ထားလာနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိနေထိုင်လျက်ရှိသော  ဝန် ထမ်းအိမ်ရာများမှာ   ဟောင်းနွမ်း ဆွေးမြည့်နေသဖြင့် အသစ်ဆောက် လုပ်ပေးရန်     လိုအပ်ပါကြောင်း၊ ကျန်းမာရေး ဘတ်ဂျက်နှင့်ပတ်သက် ၍ အသုံးစရိတ်များ ပိုမိုချထားပေး သော်လည်း   စီမံခန့်ခွဲမှုအားနည်း ခြင်းကြောင့်  ပိုငွေများဖြစ်ပေါ်လာ ပြီး နိုင်ငံတော်ကိုပြန်လည်ပေးအပ် ခြင်းများရှိလာခဲ့ရာ အမှန်တကယ် သုံးစွဲရမည့်ကိစ္စများတွင်    နစ်နာမှု များဖြစ်သွားနိုင်ပါကြောင်း၊ ဆရာ ကြီး၊ ဆရာမကြီးများအား အထူးမှာ ကြားလိုသည်မှာ နိုင်ငံတော်အစိုးရ က လိုအပ်ချက်များကို  စီမံကိန်း အရ     ဖြည့်ဆည်းပေးလျက်ရှိနေ သကဲ့သို့ ဆရာကြီး၊ ဆရာမကြီး များနှင့် သူနာပြုအားလုံးတို့ကလည်း စေတနာထား ကြည့်ရှုစောင့်ရှောက် ပေးကြပါရန် တိုက်တွန်းပါကြောင်း ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍         မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး အတွက်အလှူရှင်    ဦးသူရခိုင်- ဒေါ်ဌေးဌေးဝင်း၊ (သား)ထက်သူရ အောင် (Pink Mobile Centre)  မိသားစုက   အလှူငွေကျပ်သိန်း ၅ဝဝ ပေးအပ်လှူဒါန်းရာ ကျန်းမာ ရေး  ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာ ဦးဝင်းမြင့်က အလှူငွေ များ ကိုလက်ခံရယူသည်။

ထို့နောက်ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည်  ၁ဝထပ် ဆေးကုသဆောင်မြေညီထပ်တွင် တပ်ဆင်ထားသည့် Digital X-ray  စက်၊ CT   Scan   64  slide  စက် နှင့်  MRI  စက်များကို ကြည့်ရှု စစ်ဆေးပြီး ဖျားနာဆောင်သုံးတွင် တက်ရောက်ကုသနေသည့်   လူနာ များအား  အားပေးစကားပြောကြား ကာ   အထူးကုဆရာဝန်ကြီးများ၊ ဘွဲ့လွန်ဆရာဝန်များ၊ အလုပ်သင် ဆရာဝန်များနှင့်သူနာပြုများအား ရင်းရင်းနှီးနှီးတွေ့ဆုံ   နှုတ်ဆက် ခဲ့သည်။    
           (သတင်းစဉ်)

No comments:

Post a Comment