Friday, November 28, 2014

ဖိလစ်ပိုင်စီးပွားရေး သိသာစွာကျဆင်းလာဟုဆို



မနီလာ နိုဝင်ဘာ ၂၇

ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံဖွံ့ဖြိုး မှု အားနည်းလာခြင်းကြောင့် တတိယ သုံးလပတ်အတွင်း သိသိသာသာကျ ဆင်းခဲ့ကြောင်း အစိုးရကပြော ကြားသည်။

ဖိလစ်ပိုင်စီးပွားရေးသည် လွန်ခဲ့ သောတစ်နှစ်က ဇူလိုင်လမှ စက်တင် ဘာလအထိ ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ မျှော်မှန်းထားသည့် ၆ ဒသမ ၆ ရာခိုင်နှုန်းအောက် ရောက်ရှိခဲ့သည်ဟုဆိုသည်။ ယင်းမှာ ယခုနှစ်အစောပိုင်းသုံးလက တိုးတက် ခဲ့သည့် ၆ ဒသမ ၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဂျီဒီပီသည် သုံးနှစ်ဆက်တိုက် ကျဆင်းလျက် ရှိရာ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း စီးပွား ရေးတိုးတက်မှုနှုန်းမှာ အနိမ့်ဆုံးသို့ ရောက်ရှိနေသည်ဟု ဆိုသည်။

ဖိလစ်ပိုင် အစိုးရအနေဖြင့် ယခုနှစ်အတွင်း ၆ ဒသမ ၅ ရာခိုင်နှုန်း မှ ၇ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးတက် ရန် ခန့်မှန်းထားရာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း စီးပွားရေးစီမံကိန်း အတွင်းရေးမှူး အာဆင်နီယိုဘရီဆာကင်က ပြော ကြားသည်။

ဘာကလေး စီးပွားရေးပညာရှင် ရာအူးလ်ဘာဂျိုရီယာကမူ ၂ဝ၁၄ ခုနှစ် ဖိလစ်ပိုင်စီးပွားရေးကို ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ခြောက်ရာခိုင် နှုန်းအထိသာ တိုးတက်နိုင်ကြောင်း ခန့်မှန်းထားသည်ဟုဆိုသည်။

အစိုးရ၏ အသုံးစရိတ်သည် လည်း နှစ်အလိုက် တတိယသုံးလ ပတ်အတွင်း ၂ ဒသမ ၆ ရာခိုင်နှုန်း သို့ ကျဆင်းခဲ့သည်ဟုဆိုသည်။

(ဘီဘီစီ)

No comments:

Post a Comment