Friday, November 28, 2014

မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာဆွေးနွေးချက်နှင့်ပတ်သက်၍ ပြန်လည်ကြားနာမည်




နပြည်တော် နိုဝင်ဘာ ၂၇

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၆ ရက်မြောက်နေ့ ကို ယနေ့နံနက် ၁ဝ နာရီက ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ ၏ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးမြင့်ထွန်းက ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို တင်သွင်းပြီး ယင်းဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုသည်။

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲသည့်အချက်ကို ပြည်ထောင်စု လွှတ်တော်သို့တင်ပြ၍ အဆုံးအဖြတ် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ၂ဝဝ၈ ခုနှစ် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို အတည်ပြု ရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော် က အတည်ပြုခဲ့သည်။

ယင်းနောက် ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် အတည်ပြုချက်ဖြင့် ပေးပို့လာသော မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုးမြင့်က တင်သွင်းသည်။

ထို့နောက် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေ ကြမ်းကော်မတီဝင် ဦးစိုင်းတင်အောင် က တင်သွင်းပြီး တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးအောင်သက် မြင့်ကဆွေးနွေးရာ ယင်းဆွေးနွေး ချက်နှင့်ပတ်သက်၍ ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment