Friday, November 28, 2014

ဆီးရီးယားတပ်ဖွဲ့ဝင်များ အိုင်အက်စ်တို့ကိုတိုက်ခိုက်ရာတွင် အောင်မြင်မှုများရ


 
ဒမတ်စကတ် နိုဝင်ဘာ ၂၇

ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အိုင်အက်စ်တက်ဖရီစစ်သွေးကြွများကို တိုက်ခိုက်ရာတွင် အောင်မြင်မှုများရလာပြီဖြစ်သည်။

တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၆ ရက်က အလက်ပိုပြည်နယ်၏ အနောက် မြောက်ဘက်ကျေးရွာများမှ စစ်သွေးကြွဦးရေ အတော်များများကို တိုက်ခိုက်နိုင်ခဲ့သည်။ ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အလက်ပိုမြို့အတွင်း ဒေသချင်းဆက် မဟာဗျူဟာမြောက်လမ်းမကြီးကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အီဒလစ်ဘ်မြို့၏ အနောက်မြောက်ဘက်ဒေသရှိ တပ်မတော်အခြေစိုက်စခန်းကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ဆီးရီးယားသည် ၂ဝ၁၁ ခုနှစ်ကတည်းက ကြောက်မက်ပြင်းထန်ဖွယ် ကောင်းသော ပဋိပက္ခများနှင့် ဝန်းရံလျက်ရှိသည်။
(ပရက်စ်တီဗွီ)

No comments:

Post a Comment