Sunday, November 2, 2014

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လေ့လာရေးအဖွဲ့ဝင်များ နေပြည်တော်ရှိ စိုက်ကွင်းများအားလေ့လာ




နေပြည်တော် နိုဝင်ဘာ ၁ 

နေပြည်တော်နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် စိုက်ပျိုးရေး ပညာရှင်များသည် ယနေ့နံနက် ၇ နာရီတွင် ဥတ္တရသီရိမြို့နယ် တောင်သူ ပညာပေး ဧက ၉ဝဝ စိုက်ကွင်းသို့ လာရောက်လေ့လာကြရာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ကြိုဆိုပြီး သြော်ဂဲနစ်သင်္ဘောစိုက်ခင်း၊ ပိန်းဥစိုက်ခင်း၊ စင်တင်ဘူးစိုက်ခင်း နှင့် နာနတ်သီးစိုက်ခင်းများကို ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ စမ်းသပ်တူးဖော် ထားသော ပိန်းဥများနှင့် ကန်စွန်းဥ များ၊ ပျိုးဥယျာဉ်ရှိ မျိုးပင်၊ ပျိုးပင်များ၊ ငွေချည် (၈)နှင့် ရွှေတောင် (၉) ချည်မျှင်ရှည် ဝါသီးနှံစိုက်ကွင်းနှင့် ကြံစိုက်ခင်းတို့ကို လှည့်လည်ကြည့်ရှု လေ့လာကြရာ ပြည်ထောင်စုဝန်ကြီး က လေ့လာရေးအဖွဲ့ဝင်များအား လယ်ယာကဏ္ဍသည် နိုင်ငံသားများ အတွက် အလုပ်အကိုင်အခွင့်အလမ်း အများဆုံး၊ အလုပ်အကိုင်ရှာဖွေ ပေးနိုင်မှု အလွယ်ဆုံးကဏ္ဍဖြစ်သည့် အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကို ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ဟန်ချက်ညီစွာအာရုံ စူးစိုက်ပြီး အကောင်အထည်ဖော် ပေးပါက အလုပ်လက်မဲ့ပြဿနာနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဖော်ဆောင် ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

(ကြေးမုံ)

No comments:

Post a Comment