နေပြည်တော် နိုဝင်ဘာ ၂၈
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မြန်မာနိုင်ငံအခြေစိုက် လူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်သော Spectrum (Sustainable Development Knowledge Network) အဖွဲ့မှ Director, David Allan ဦးဆောင်သောအဖွဲ့ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုး သားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံအခြေစိုက် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Spectrum(Sustainable Development Knowledge Network)အဖွဲ့က မြန်မာဘာသာသို့ ၄င်းတို့ ပြန်ဆိုထားသော ပါလီမန်ဆိုင်ရာ ကျင့်ဝတ်များနှင့် အပြုအမူလက်စွဲ စာအုပ်(ပါလီမန်အမတ်များအတွက် လမ်းညွှန်) အပါအဝင် စာအုပ်ကိုးမျိုး စုစုပေါင်း ၂၂ဝ၅ အုပ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် စာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့သည်။ (သတင်းစဉ်)
No comments:
Post a Comment