Friday, November 28, 2014

နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး

Photo: နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှု  ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး
===========================================

နေပြည်တော်   နိုဝင်ဘာ   ၂၇

 ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး ကောင်စီဆိုင်ရာဝန်ကြီး မစ္စတာ နီကိုလိုင်း ပီ၊ ပက်ထရစ်ရှက်ဖ်အား ယနေ့ နံနက် ၁ဝ နာရီခွဲတွင်   နေပြည်တော်ရှိ   နိုင်ငံတော်သမ္မတအိမ်တော်  သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံရာတွင်   ဒုတိယသမ္မတနှင့်အတူ  ဒုတိယဝန်ကြီး  ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဗိုလ်မှူးချုပ်အောင်သော်၊ ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များတက်ရောက်ကြပြီး ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံလုံခြုံရေး ကောင်စီဆိုင်ရာဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး လည်း တက်ရောက်သည်။ 

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် ကျရောက်နေသည့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော    လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ်များ  တားဆီး ကာကွယ်ရေးကိစ္စရပ်များအပေါ်ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။  (သတင်းစဉ်)

No comments:

Post a Comment