Friday, November 28, 2014

မြန်မာအမျိုးသားလေကြောင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးသုံးသပ်ပြီး လွှတ်တော်ကအတည်ပြု

Photo: မြန်မာအမျိုးသားလေကြောင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးသုံးသပ်ပြီး လွှတ်တော်ကအတည်ပြု

နေပြည်တော် နိုဝင်ဘာ ၂၇

ပထမအကြိမ်   ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၅ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ၌  ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့်   ပြန်လည်ပေးပို့လာသည့် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို   ကူညီစောင့်ရှောက်ခြင်းနှင့် ကုသခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ဒီမော့ဆို မဲဆန္ဒနယ်မှ ဦးစိုးရယ်က ဖတ်ကြားတင်သွင်းသည်။

ယင်းနောက်  လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးသုံးသပ်ပြီး လွှတ်တော်က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်  မြန်မာအမျိုးသား   လေကြောင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏     အစီရင်ခံစာကို ဥပဒေကြမ်း   ပူးပေါင်းကော်မတီ   တွဲဖက်အတွင်းရေးမှူး   ဒေါက်တာ မြတ်ဉာဏစိုးက   ဖတ်ကြားတင်သွင်းသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက   ဆွေးနွေးသုံးသပ်ပြီး လွှတ်တော်က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုသည်။

ယင်းနောက်   နိုင်ငံတော်သမ္မတထံမှ  သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်  ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍   ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏  အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်  ဦးသိန်းထွန်းက ဖတ်ကြားတင်သွင်းသည်။ 

ထို့နောက်  လွှတ်တော်ကိုယ်စား လှယ်များက   ဆွေးနွေးသုံးသပ်ပြီး လွှတ်တော်က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုသည်။  (သတင်းစဉ်)

No comments:

Post a Comment