Friday, November 28, 2014

နှစ်နိုင်ငံလုံခြုံရေးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

Photo: နှစ်နိုင်ငံလုံခြုံရေးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

နေပြည်တော်   နိုဝင်ဘာ   ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီဆိုင်ရာဝန်ကြီး  မစ္စတာ နီကိုလိုင်းပီ၊ ပက်ထရစ်ရှက်ဖ်အား လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီဆိုင်ရာဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး  H.E.Mr. Pospelov နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံလုံခြုံရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း  သတင်းရရှိသည်။     (မြဝတီ)

No comments:

Post a Comment