Friday, November 28, 2014

မြန်မာနိုင်ငံသည် ပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးအတွက် အချက်အချာကျသည့်ဒေသ ဖြစ်လာမည်

Photo: မြန်မာနိုင်ငံသည် ပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးအတွက် အချက်အချာကျသည့်ဒေသ ဖြစ်လာမည်
========================================

မန္တလေး   နိုဝင်ဘာ   ၂၇

အကြိမ်(၂ဝ)မြောက်  အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများ  အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ  ၄၅  မိနစ်တွင်   မန္တလေးမြို့ ရွှေပြည်သာဟိုတယ် သာရတနာခန်းမ ၌ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း  တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။ 

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဦးသန်း ဌေး၊ ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီး များ၊ အာဆီယံနိုင်ငံများမှ ပို့ဆောင် ရေးဝန်ကြီးများ၊ ဆွေးနွေးဖက်နိုင်ငံ များဖြစ်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံ တို့မှ    ပို့ဆောင်ရေးဝန်ကြီးများ၊ အာဆီယံ    အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ် စားလှယ်များ၊   အာဆီယံနိုင်ငံများ မှ  ပို့ဆောင်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲတွင်      ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက  အမှာ စကားပြောကြားရာ၌၂ဝ၂ဝ ခုနှစ် အာဆီယံ   ရည်မှန်းချက်နှင့်အညီ  အာဆီယံ အသိုက်အဝန်းသည်   နိုင်ငံရေး၊  လုံခြုံရေး၊   စီးပွားရေးနှင့်  လူမှု-ယဉ်ကျေးမှုစသော မဏ္ဍိုင်သုံးရပ်ပေါ် အခြေခံထားကြောင်း၊  မဏ္ဍိုင်သုံးခု ထဲမှ တစ်ခုချင်းသည် ချိတ်ဆက်မှု လိုအပ်ကြောင်း၊ထို့ကြောင့် ချိတ်ဆက် မှုသည် ၂ဝ၁၅ အလွန် အာဆီယံ ရည်မှန်းချက် အထမြောက် အောင် မြင်ရေးတွင်    အဓိကကျသည့် အာဆီယံအသင်းကြီးအတွက် အထူး ပင် အရေးကြီးပါကြောင်း။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော  အာဆီယံအသိုက် အဝန်း၏ ၂ဝ၁၅ အလွန်  ရည်မှန်း ချက်မှာ အာဆီယံအသင်းကြီးသည် လက်ရှိနှင့် အနာဂတ်အခွင့်အလမ်း နှင့် စိန်ခေါ်မှုများကို   ထိရောက်စွာ တုံ့ပြန်နိုင်ရန် နိုင်ငံရေးအရ စည်းလုံး ပြီး စီးပွားရေးအရ ပေါင်းစည်းကာ လူမှုရေးအရ တာဝန်ယူသော ပြည်သူ့ ဗဟိုပြု အဖွဲ့အစည်းတစ်ရပ်ဖြစ်ရန် လိုကြောင်း။

ယင်းကဲ့သို့ ရည်မှန်းချက်အထ မြောက်ရန်  အာဆီယံအသင်းကြီး အနေဖြင့် ကြီးမားသော  အခြေခံ အဆောက်အအုံဆိုင်ရာ ချိတ်ဆက် မှုနှင့်   အင်စတီကျူးရှင်းဆိုင်ရာ  ချိတ်ဆက်မှုများအပြင်  ပြည်သူ အချင်းချင်း ချိတ်ဆက်မှုများ မြှင့်တင် ရမည်ဖြစ်ကြောင်း၊   ချိတ်ဆက်မှု အရေးကြီးကြောင်းကို အသိအမှတ် ပြုကာ စီမံကိန်းကြီးတစ်ခုဖြစ်သည့် Master Plan ကို ချမှတ်အကောင် အထည်ဖော်နေကြောင်း။

ဒေသတွင်း ပို့ဆောင်ရေးစနစ်၊ ပို့ဆောင်ရေးနည်းလမ်း၊  ပို့ဆောင် ရေးဆိုင်ရာ အင်စတီကျူးရှင်းများ ပါဝင်သော ပို့ဆောင်ရေးကဏ္ဍသည် ဒေသတွင်းအပြန်အလှန်  ကုန်သွယ် မှုနှင့်    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို များစွာအထောက်အကူပြုပါ ကြောင်း၊ ပို့ဆောင်ရေးကဏ္ဍတိုးတက် ဖွံ့ဖြိုးလာသည်နှင့်အမျှဒေသတွင်း ဖွံ့ဖြိုးမှု ကွာဟချက်ကို လျော့နည်းစေ မည့်ပြင် အာဆီယံ ပေါင်းစည်းမှုကို အထောက်အကူပြုမှာဖြစ်ကြောင်း။

မိမိအနေဖြင့်     အာဆီယံ အသိုက်အဝန်းအတွက်လမ်းပြမြေပုံ အကောင်အထည်ဖော်ရာတွင် ရရှိ သော အောင်မြင်မှုများကို ကြိုဆိုပါ ကြောင်း၊ လမ်းပြမြေပုံမှသည် ဖော်ပြ ပါ အာဆီယံ၏မဏ္ဍိုင်သုံးရပ်အတွက်   အသေးစိတ်စီမံချက်ကို ပုံဖော်ပေးခဲ့ ကြောင်း။ ယင်းအသေးစိတ်စီမံချက် များမှာ နိုင်ငံရေး-လုံခြုံရေးစီမံချက်၊ စီးပွားရေးစီမံချက်နှင့် လူမှု-ယဉ်ကျေး မှုစီမံချက်များ ဖြစ်ပါကြောင်း။

ထို့ပြင် ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများမှ လမ်းများသည် ဆင်းရဲမှု လျော့ချရေး၊  ဖွံ့ဖြိုးတိုးတက်မှုကွာဟ ချက်ကို လျော့နည်းစေပြီး ဒေသခံ များ၏ လူနေမှုအဆင့်အတန်းကို မြင့်မားစေကြောင်း။

ယနေ့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ခြားနားချက်၊  ကွာဟချက်များကို ဖြစ်ပေါ်စေကြောင်း၊ ဖွံ့ဖြိုးမှု နောက် ကျသောသူများမှာ ကားလမ်း၊ ရထား လမ်း      မရှိသောကျေးရွာများမှ လူများ၊ ဝေးလံခေါင်ဖျားပြီး  တော တောင်ထူထပ်သောဒေသမှ  လူများ ဖြစ်ကြကြောင်း၊  ယင်းဒေသခံများ သည် ဆင်းရဲတွင်းနက်သည့်အပြင် အာဟာရချို့တဲ့မှု၊ မိခင်နှင့် ကလေး သေနှုန်း မြင့်မားမှုနှင့် ကျောင်းနေ နိုင်မှု၊ စာတတ်မြောက်မှုများလည်း နိမ့်ကျနေကြောင်း။

ထို့ကြောင့် လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်နေပါမှ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော  ဝန် ဆောင်မှုများပါ တိုးတက်မြင့်မားလာ မည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည်  ပထဝီပိုင်း အနေအထားအရ ထူးခြားကောင်း မွန်သည့် အခွင့်အလမ်းများ ပိုင် ဆိုင်ထားပါကြောင်း၊  တရုတ်နှင့် အရှေ့တောင်အာရှအပြင်   တောင် အာရှနှင့်ပါ  လမ်းကွန်ရက်များနှင့် ပို့ဆောင်ရေးများအကြား သဘာဝ အလျောက် ချိတ်ဆက်ထားပြီဖြစ်ရာ ယင်းအချက်ကပင် မြန်မာနိုင်ငံသည် မကြာမီနှစ်များအတွင်း ပို့ဆောင် ရေးနှင့်   ထောက်ပံ့ပို့ဆောင်ရေး အတွက်   အချက်အချာကျသည့် ဒေသတစ်ခုဖြစ်လာလိမ့်မည် မိမိတို့ မျှော်လင့်ပါကြောင်း။

မျက်မှောက်ကာလတွင် ကျွန်ုပ် တို့၏  သယ်ယူပို့ဆောင်ရေးကွန် ရက်များနှင့်  အခြေခံအဆောက် အအုံတို့၏ အရည်အသွေးနှင့် အရေ အတွက် ဖွံ့ဖြိုးတိုးတက်ရန် အလွန်လို အပ်ပါကြောင်း။

ထို့အပြင် ရှိရင်းစွဲ  သယ်ယူပို့ ဆောင်ရေးအခြေခံအဆောက်အအုံ များအား   အဆင့်မြှင့်တင်ရန်နှင့် ဘက်စုံသယ်ယူပို့ဆောင်ရေးအတွက် အခြေခံအဆောက်အအုံသစ်များ ဆောက်လုပ်ရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန် ချထားကြောင်း။

မြန်မာနိုင်ငံသည် ထိုရည်မှန်း ချက်ပြည့်မီရန်အတွက်  အမျိုးသား သယ်ယူပို့ဆောင်ရေး မဟာစီမံကိန်း ကို ဂျပန်အစိုးရ၏ အကူအညီဖြင့် ရေးဆွဲလျက်ရှိပါကြောင်း။

ယင်းမဟာစီမံကိန်းတွင် သယ်ယူပို့ဆောင်ရေးနည်းလမ်းအားလုံး ဖြစ်သော လမ်း၊ ရထားလမ်း၊ ရေ လမ်းများ၊ လေကြောင်းနှင့် ပင်လယ် ရေကြောင်း   သယ်ယူပို့ဆောင်ရေး တို့ ပါဝင်ကြောင်း။

ကျွန်ုပ်တို့သည်   အမျိုးသား သယ်ယူပို့ဆောင်ရေးမဟာစီမံကိန်း အကောင်အထည်ဖော်ရာတွင် ဘေး အန္တရာယ်ကင်းပြီး  ခရီးရောက်ကာ အများပြည်သူ   အကုန်အကျခံ နိုင်သော  သယ်ယူပို့ဆောင်ရေးစနစ် ဖန်တီးခြင်းဖြင့် ပြည်သူတို့  ဘဝမြှင့် တင်ပေးရန် ရည်ရွယ်ပါကြောင်း။

သို့ရာတွင် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ    တည် ဆောက်ခြင်းသည်  ကြီးမားသော ဘဏ္ဍာရေးအရင်းအမြစ်များ လိုအပ် ရုံသာမက ကျန်းမာရေး၊ ဘေးကင်း လုံခြုံရေး၊ လူမှုရေးနှင့်  ပတ်ဝန်း ကျင်ဆိုင်ရာ အလေးထားစရာများ ဖြည့်ဆည်းပေးမည့်  ခေတ်မီနည်း ပညာလည်း လိုအပ်ပါကြောင်း။

ဤနေရာတွင် ပြည်သူ-ပုဂ္ဂလိက အစုစပ်လုပ်ငန်းများ (PPP) သည် အခြေခံအဆောက်အအုံကွာဟချက် ပပျောက်စေရေးအတွက် အရေး ပါသော  အခန်းကဏ္ဍမှပါဝင်နေ ကြောင်း။

ကျွန်ုပ်တို့သည်    ထိုအရာကို ထည့်သွင်း      စဉ်းစားရန်အတွက် ပုဂ္ဂလိကကဏ္ဍပါဝင် ဆောင်ရွက်ရေး ကို အထောက်အပံ့ပေးလျက်ရှိပြီး ပြည်သူ-ပုဂ္ဂလိက အစုစပ်လုပ်ငန်း များ (PPP) မူဘောင်ချမှတ်ရန် အတွက် အာဆီယံအခြေခံမူများကို ရေးဆွဲပုံဖော်လျက်ရှိကြောင်း။

အာဆီယံ၏  ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းလာစေရေးနှင့်  ဒေသ တွင်း   ပေါင်းစည်းဆက်သွယ်မှု မြှင့် တင်ရေးအတွက်  အာဆီယံ အဝေး ပြေးလမ်းမကွန်ရက်၊   စင်ကာပူ-ကူမင်းရထားလမ်း   ချိတ်ဆက်မှု၊ အာဆီယံ၏   တစ်ခုတည်းသော လေကြောင်းပို့ဆောင်ရေး ဈေးကွက် နှင့် အာဆီယံ၏ တစ်ခုတည်းသော ပင်လယ်ရေကြောင်းပို့ဆောင်ရေး ဈေးကွက်  ပဏာမခြေလှမ်းများ ပြီးစီးမှုအပါအဝင် အကျိုးများသော၊ စိတ်ချသော၊       ရေရှည်ခံသော ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ် တစ်ခု ဖွံ့ဖြိုးတိုးတက်လာစေရန် အာဆီယံခေါင်းဆောင်များက ၄င်း တို့၏ ခိုင်မာသော ကတိကဝတ်များ ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း။

ထိုအရာနှင့်   ပတ်သက်၍ STOM ဟုလည်း ခေါ်ဆိုသည့် (၃၈) ကြိမ်မြောက်  အဆင့်မြင့်ပို့ဆောင် ရေးအရာရှိကြီးများအစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်း ကြားသိ ရသည့်အတွက်  ဝမ်းမြောက်မိပါ ကြောင်း။

STOM ၏  အကြံပြုချက်များ အပေါ်  အခြေခံ၍   အာဆီယံပို့ ဆောင်ရေးဝန်ကြီးများသည် အောက် ပါအရေးပါသော ကိစ္စသုံးရပ်အပေါ်      သုံးသပ်သွားမည်ဖြစ်ကြောင်း၊ ၂ဝ၁၆ မှ ၂ဝ၂၅  ခုနှစ် အထိ အာဆီယံ ပို့ ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု မျှော်မှန်းချက် ချမှတ်ခြင်း၊ အာဆီယံ ၏ တစ်ခုတည်းသော ရေကြောင်းပို့ ဆောင်ရေးဈေးကွက် အကောင် အထည်ဖော်ဆောင်ရေး မူဘောင်ချ မှတ်ခြင်းနှင့် ရေနံယိုဖိတ်မှု ပူးတွဲကြို တင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဖြေရှင်း ရေး အာဆီယံ  လုပ်ထုံးလုပ်နည်း ဆိုင်ရာနားလည်မှုစာချွန်လွှာ ချမှတ် ခြင်းနှင့် လက်မှတ်ရေးထိုးခြင်း။

၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ဖြစ်သော မြန်မာနိုင်ငံက  သတ်မှတ် ထားသော ဆောင်ပုဒ်မှာ  'ရှေ့သို့ တူညီ တက်လှမ်းချီ ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ'ဟူ၍ဖြစ်ကြောင်း။

အာဆီယံ၏   အဆုံးစွန်သော ရည်မှန်းချက်မှာ ငြိမ်းချမ်းဝေစည်၍ ကြွယ်ဝချမ်းသာသော အသိုက်အဝန်း ပေါ်ထွန်းရေးဖြစ်ပြီး    ဤအကြိမ် (၂ဝ)မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများ  အစည်းအဝေးသည် နိုင်ငံတွင်းသာမက ဒေသတွင်းကိုပါ အကျိုးဖြစ်ထွန်းစေမည့် အသီးအပွင့် တစ်ခု ဖော်ဆောင်ပေးမည်ဟု မျှော် လင့်ပါကြောင်းဖြင့် ထည့်သွင်းပြော ကြားခဲ့သည်။

ယင်းနောက် ယဉ်ကျေးမှုအနု ပညာအဖွဲ့မှ   တပင်တိုင်အက၊ အာဆီယံအကတို့ဖြင့်  ကပြဖျော် ဖြေကြပြီး    ဒုတိယသမ္မတသည် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ နှင့်အမှတ်တရဓာတ်ပုံရိုက်ကြသည်။

ဖွင့်ပွဲအပြီးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ရွှေပြည်သာဟိုတယ်ရှိ သီးသန့် ဧည့် ခန်းမဆောင်၌ အာဆီယံပို့ဆောင် ရေးဝန်ကြီးများနှင့်တွေ့ဆုံခဲ့သည်။  

(သတင်းစဉ်)

No comments:

Post a Comment