Friday, November 28, 2014

အသေးစားအရင်းအနှီးချေးငွေကို မိမိလုပ်ငန်းအတွက်အမှန်တကယ်အကျိုးရှိအောင် အသုံးပြုရမည်ဖြစ်

Photo: အသေးစားအရင်းအနှီးချေးငွေကို မိမိလုပ်ငန်းအတွက်အမှန်တကယ်အကျိုးရှိအောင် အသုံးပြုရမည်ဖြစ်

နေပြည်တော်    နိုဝင်ဘာ    ၂၇

သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် တိုင်းဒေသကြီးစီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံလိုက်ပါ၍ နိုဝင်ဘာ ၂၂ ရက်  နံနက် ၁ဝ နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးရွာသမဝါယမအသင်းများမှ အသင်းသားများ၊ အမှုဆောင်များ၊ သမဝါယမမှ ဝန်ထမ်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဆွေးနွေးခဲ့သည်။

ထိုသို့  တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့အစိုးရသည် ပြည်သူများမှ တင်မြှောက်ထားသော အစိုးရဖြစ်သည့်အတွက် ပြည်သူကို ဗဟိုပြု၍ ပြည်သူများ၏ အကျိုးစီးပွား ပေါ်ပေါက်နိုင်အောင်  နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှုဖြင့် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်(၈)ရပ်ကို  ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမ ဝန်ကြီးဌာနအနေဖြင့်လည်း အခြေခံပြည်သူများ၏ ဘဝ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် လိုအပ်သော အသေးစားအရင်းအနှီး ချေးငွေ ပံ့ပိုးထုတ်ချေးပေးခြင်း၊ စက်မှု လယ်ယာကူးပြောင်းပြီး ကုန်ထုတ်လုပ် မှု တိုးတက်ရန်  လယ်ယာသုံးစက် ကိရိယာများ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း၊ အဆိုပါလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက် စေရန်နှင့် သမဝါယမအသင်းသားများ၏  ဘဝအာမခံချက်ရှိစေရန် သမဝါယမအသင်းများအား အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊  အသေးစားအရင်းအနှီး ချေးငွေအနေဖြင့် ငွေကျပ်ဘီလျံ ၂ဝဝ ကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ၄င်းချေးငွေကို အသင်းသား မိသားစုနှစ်သန်းခန့်၊ အသင်းပေါင်း ၂၃ဝဝဝ ကျော်တို့က  ခံစားလျက်ရှိကြောင်း၊ ထိုလုပ်ငန်းကို  တိုးချဲ့ရန် China EXIM Bank မှ ချေးငွေ ဒေါ်လာ သန်း ၃ဝဝ ထပ်မံချေးယူ၍ ၄င်းတို့ထဲမှ သန်း ၂၂ဝ ကို ချေးငွေ မရရှိသေးသော ပြည်သူများကို ထုတ်ချေးပေးခြင်း၊ သန်း ၅ဝ ကို ယခင် ထုတ်ချေးပေးထားသော လူဟောင်းများထဲမှ အမှန်တကယ် ကြိုးကြိုးစား စားလုပ်ငန်းလုပ်ကိုင်နေသူများအား စိစစ်၍ ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ ထုတ်ပေးခြင်းနှင့်  ကျန်သန်း ၃ဝ ကျော်ကို လိုအပ်နေသော လယ်ယာသုံး စက်ကိရိယာများ အရစ်ကျ ရောင်းချပေးခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လယ်ယာသုံး စက်ကိရိယာများ အရစ်ကျ ရောင်းချ ပေးထားမှုအနေဖြင့်   စက်ကိရိယာအရေအတွက် ၁၆ဝဝဝ ကျော် ရောင်း ချပေးထားပြီး  စက်ကိရိယာအရေ အတွက် ၁၂ဝဝ ကျော် ကိုယ်ပိုင်ဖြစ် သွားကြပြီဖြစ်ကြောင်း၊ ထို့ပြင် ကိုရီးယားနိုင်ငံက ဒေါ်လာသန်း ၁ဝဝ ဖိုး စက်ကိရိယာပစ္စည်းများ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရေး ဆောင်ရွက် ပြီးဖြစ်သဖြင့် မကြာခင်အချိန်အတွင်း လယ်သမားများထံ ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း၊ သမဝါယမအသင်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းများကို အမှန်တကယ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်၍ မှန်ကန်သော အသိစိတ်ဖြင့်  ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အသင်းသားများက အသေးစား အရင်းအနှီးချေးငွေကို အလဟဿမကုန်စေဘဲ မိမိလုပ်ငန်းအတွက် အမှန်တကယ်  အကျိုးရှိအောင်  အသုံးပြုရမည်ဖြစ်ကြောင်း သတ်မှတ်ကာလတွင်လည်း အရင်းနှင့်အတိုးကို မှန်မှန်ပြန်ဆပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(မြန်မာ့အလင်း)

No comments:

Post a Comment