Saturday, November 29, 2014

အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်များ ဂျပန်အစိုးရ၏ထောက်ပံ့မှုဖြင့် ၀ါးခယ်မမြို့၌ ဖွင့်လှစ်

Photo: အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်များ ဂျပန်အစိုးရ၏ထောက်ပံ့မှုဖြင့် ၀ါးခယ်မမြို့၌ ဖွင့်လှစ်
=======================================

ဝါးခယ်မ  နိုဝင်ဘာ  ၂၈

 ဂျပန်အစိုးရ၏ ထောက်ပံ့မှုဖြင့် ဆောက်လုပ်ခဲ့သည့်   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အထက်ပေကုန်း ကျေးရွာနှင့်    ညောင်ငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်များ ဖွင့်လှစ်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်က အဆိုပါမြို့နယ် ၌ ကျင်းပသည်။ 

အခမ်းအနားသို့  မြန်မာနိုင်ငံ ဆိုင်ရာ  ဂျပန်နိုင်ငံသံရုံးမှ  ပထမ အတွင်းဝန်နှင့် စစ်သံမှူး  Col. Takeshi HARA၊ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောမြ သိန်း၊ တိုင်းဒေသကြီးပညာရေးဌာန ဒုတိယ     ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊   ဆရာ  ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် ဒေသခံပြည်သူများ တက် ရောက်ခဲ့ကြသည်။

အဆိုပါ အထက်တန်းကျောင်း ခွဲ  ကျောင်းဆောင်သစ်များအတွက် ဂျပန်အစိုးရက ၎င်း၏ အသေးစား စီမံကိန်းများ  ထောက်ပံ့မှုအစီအစဉ် ဖြင့် အမေရိကန်ဒေါ်လာ ၂၄၁၇၁ဝ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။ 

ကျောင်းသား   ကျောင်းသူဦးရေ   ၁၄၆ဝ  ခန့်ရှိ  အထက်ပေကုန်း အထက်တန်းကျောင်းနှင့် ကျောင်းသား ကျောင်းသူဦးရေ ၈၅ဝ ခန့်ရှိ  ညောင်ငူအထက်တန်းကျောင်းတို့သည် ယခင်က ကျောင်းအဆောက်အအုံနှင့်   ပရိဘောဂများပြည့်စုံမှု မရှိခဲ့သော်လည်း ယခုအခါ  ဂျပန်အစိုးရက အဆိုပါ ကျောင်းဆောင်သစ်များ  ဆောက်လုပ်ပေးမှုကြောင့်  ကျောင်းသား    ကျောင်းသူများ စာသင်ကြားမှုတွင်   ပိုမိုအဆင်ပြေလာကြောင်း သိရသည်။                                                         (မြန်မာ့အလင်း)

No comments:

Post a Comment