Saturday, November 29, 2014

အိန္ဒိယဗီဇာသစ်က ယင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်စေနိုင်

Photo: အိန္ဒိယဗီဇာသစ်က ယင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်စေနိုင်

နယူးဒေလီ  နိုဝင်ဘာ  ၂၈

အိန္ဒိယနိုင်ငံသည် ဗီဇာကန့်သတ်မှုကို  ဖြေလျှော့လိုက်ခြင်းကြောင့်  အမေရိကန်၊  သြစတြေးလျ၊ ဘရာဇီး၊ ဂျာမနီနှင့် ဂျပန်နိုင်ငံ တို့မှ ခရီးသွားများသည်  အိန္ဒိယတွင် ဆိုက်ရောက်ဗီဇာများ   ရရှိနိုင်ပြီ ဖြစ်သည်။

နိုင်ငံပေါင်း ၄၃ နိုင်ငံမှ ခရီးသွားများသည် ဒေသတွင်းကောင်စစ်ဝန် ရုံးများတွင် ဗီဇာရရှိရန်စီတန်းစောင့် ဆိုင်းစရာမလိုတော့ဘဲ အွန်လိုင်းမှ တစ်ဆင့် ဗီဇာများလျှောက်ထားနိုင်ပြီး ဗီဇာရရှိသူများကို လေဆိပ်တွင် လာကြိုမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ၂ဝ၁၂ ခုနှစ် တွင် ဧည့်နိုင်ငံခြားသားခရီးသွား ၆ ဒသမ  ၅၈ သန်းကို လက်ခံခဲ့ပြီး  ဧည့်သည်ဝင်ရောက်မှုမှာ ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့ကဲ့သို့ အာဆီယံ နိုင်ငံများနှင့်နှိုင်းယဉ်လျှင်  အနည်းငယ်နည်းခဲ့ကြောင်း သိရသည်။

ခရီးသွားလာရေးဝန်ကြီး မဟာ့ရှ်ရှာမက ဤကဲ့သို့ပြောင်းလဲမှုပြုလုပ် ခြင်းသည် ခရီးသွားလုပ်ငန်းကို တိုးတက်ပြောင်းလဲစေလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဤကဲ့သို့ ပြောင်းလဲလိုက်သော အစီအစဉ်က အိန္ဒိယနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းစဉ်တစ်ခုလုံးကို တကယ့်စိတ်ကူးယဉ်အိပ်မက်များ အမှန်တကယ်ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးကိုလည်း အကျိုးသက်ရောက်မှုကြီးမား စေလိမ့်မည်ဖြစ်ကြောင်းကြေညာ ချက်တစ်ခုတွင် ပြောခဲ့သည်။

အစိုးရ၏မူဝါဒသည် ခရီးသွား ကဏ္ဍတိုးမြှင့်စေရန်ဖြစ်ကြောင်း၊ ဤပြောင်းလဲလိုက်သော   ခရီးသွားလာရေးအစီအစဉ်ကို အကောင်အထည် ဖော်ခြင်းသည်လည်း အိန္ဒိယနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းကို   ပိုမိုလွယ်ကူလျင်မြန်စေမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ယခင်ကဆိုက်ရောက်ဗီဇာကို နိုင်ငံပေါင်း ၁၂ နိုင်ငံအတွက်သာ ပေးခဲ့သည်။ နိုင်ငံခြားသားအများစုသည် ဗီဇာထုတ်ပေး ရေးဌာနများတွင် ၎င်းတို့၏ ဗီဇာများကိုတင်ထားခဲ့ရပြီး အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခွင့်ရမရကိုလည်း ရက်သတ္တပတ်ပေါင်း အတော်ကြာကြာ  စောင့်ဆိုင်းခဲ့ရသည်။ 

ယခုစတင်လိုက်သော ဆိုက်ရောက်ဗီဇာအသစ်ပုံစံက ဤကဲ့သို့ စောင့်ဆိုင်းစရာမလိုဘဲ ၎င်းကို အိန္ဒိယနိုင်ငံ၏  အရေးကြီးလေဆိပ် ကိုးခုတွင်    ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်။       (ဘီဘီစီ)

No comments:

Post a Comment