Saturday, November 29, 2014

မြန်မာနှင့် ဒိန်းမတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

Photo: မြန်မာနှင့် ဒိန်းမတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်
အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်  နိုဝင်ဘာ  ၂၈

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဒိန်းမတ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု   ဖွံ့ဖြိုးရေးဝန်ကြီး H.E.Mr. Mogens  Jensen  ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့အား  ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ  တွေ့ဆုံပွဲသို့   ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ   ပြည်သူ့လွှတ်တော်  စီးပွားရေးနှင့်   ကုန်သွယ်လုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေး မှူး ဦးဝင်းသန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဒိန်းမတ်နိုင်ငံ ကုန်သွယ်ရေးနှင့်  ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေးဝန်ကြီးနှင့်အတူ  မြန်မာနိုင်ငံဆိုင်ရာ  ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Peter Lysholt Hasen လည်း  တက်ရောက်သည်။

ထိုသို့  တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။  (သတင်းစဉ်)

No comments:

Post a Comment