Friday, November 28, 2014

ဂါလာတာစာရေးနှင့် လမ်းခွဲရန်ဆန္ဒရှိနေသည့် ရှနိုက်ဒါ မန်ယူသို့မဟုတ်ချယ်လ်ဆီးသို့ ပြောင်းရန်အသင့်ရှိနေ



တူရကီကလပ် ဂါလာတာစာရေးအသင်းမှ ကွင်းလယ်ကစားသမား ရှနိုက်ဒါသည် လက်ရှိကလပ် ဂါလာတာစာရေးအသင်းနှင့်လမ်းခွဲရန်ဆန္ဒရှိနေပြီး ယင်းသို့ လမ်းခွဲခဲ့ပါက ပရီမီယာလိဂ်ကလပ်အသင်းများဖြစ်သည့် မန်ယူအသင်း သို့မဟုတ် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန် အသင့်ရှိနေကြောင်း သိရသည်။

ကွင်းလယ်ကစားသမား ရှနိုက်ဒါသည် မကြာသေးမီက ဂါလာတာစာရေးအသင်း၌ ပြဿနာများ ဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင် အစ္စတန်ဘူလ်၌သာ ဆက်ရှိနေဆဲဖြစ်သည်။တူရကီကလပ် ဂါလာတာစာရေးအသင်းသည် ကွင်းလယ်ကစားသမား ရှနိုက်ဒါ၏ လုပ်ခလစာကို ပေးချေရန် လများစွာပျက်ကွက်ခဲ့ခြင်းကြောင့် ရှနိုက်ဒါအနေဖြင့် ဂါလာတာစာရေးအသင်းက ထရက်ဇွန်စပေါအသင်းအား သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဂါလာတာစာရေးအသင်း ကို စွန့်ခွာမည်ဆိုသည့် သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ရှနိုက်ဒါသည် ယခု ဂါလာတာစာရေးအသင်းသို့ မပြောင်းရွှေ့မီက အင်တာမီလန်အသင်းနှင့်ရီးယဲလ်မက်ဒရစ်အသင်းတို့တွင် ကစားခဲ့သူဖြစ်ပြီး ယခင်လက်တွဲခဲ့သည့် နည်းပြမော်ရင်ဟိုနှင့်နည်းပြ လူးဝစ်ဗန်ဟားလ်တို့ရှိသည့် ချယ်လ်ဆီးအသင်းသို့မဟုတ်ပါကမန်ယူအသင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း ရှနိုက်ဒါက ပြောကြားခဲ့သည်။

(နိုင်လင်းကြည်)

No comments:

Post a Comment