Friday, November 28, 2014

ရီးယဲလ်နောက်ခံလူ ဗာရာနီအား ခေါ်ယူရန် မန်ယူမျက်စိကျနေ

Photo: ရီးယဲလ်နောက်ခံလူ ဗာရာနီအား ခေါ်ယူရန် မန်ယူမျက်စိကျနေ

ပရီမီယာလိဂ်ကလပ်       မန်ယူအသင်းနည်းပြဗန်ဟားလ်သည်   ရီးယဲလ်မက်ဒရစ်အသင်း နောက်တန်းကစားသမား   ဗာရာနီအား ခေါ်ယူရန်   မျက်စိကျနေကြောင်း    သိရသည်။

နည်းပြ   ဗန်ဟားလ်သည်    လက်ရှိအားနည်းနေသည့်  နောက်တန်းခံစစ်ကြောင်းကို  အားဖြည့်ရန်လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ  ခေါ်ယူရန်ရှိနေပြီး အဆိုပါခေါ်ယူမည့်   ကစားသမားစာရင်းတွင်    ပြင်သစ်ကြယ်ပွင့်  ဗာရာနီ   ပါဝင်လာခဲ့ကြောင်း   သိရသည်။

မန်ယူအသင်းသည်   ပထမဆုံးအနေဖြင့်  ဘာစီလိုနာနောက်တန်းကစားသမား    ဂျာရတ်ပီကေးအားခေါ်ယူ ရန်ပစ်မှတ်ထားခဲ့သော်လည်း ဂျာရတ်ပီကေးမှာ နူးကမ့်မှ  ထွက်ခွာမည်မဟုတ်ကြောင်း  ထုတ်ဖော်ပြော ကြားခဲ့သည်။ ထို့ကြောင့်  မန်ယူအသင်းက ဥရောပချန်ပီယံ  ရီးယဲလ်မက်ဒရစ်အသင်း၌   အထိုင်မကျဖြစ်နေသည့်   နောက်တန်းကစားသမား ဗာရာနီအား   ခေါ်ယူရန် ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းနည်းပြ    ဗန်ဟားလ်က နောက်ခံလူ ဗာရာနီအား အိုးထရက်ဖို့ဒ်သို့  အရောက်ခေါ်ယူမည်ဟု အာမခံချက်ပေးခဲ့ပြီး    ရီးယဲလ်မက်ဒရစ်အသင်းက တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးပေါင်သန်း ၃ဝ ကိုလည်းပေး၍  ဗာရာနီအားခေါ်ယူရန်    ဆန္ဒဖြစ်ပေါ်နေကြောင်း    သိရသည်။

(ငွေကြယ်)
 
No comments:

Post a Comment