Friday, November 28, 2014

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံးဖွင့်

Photo: မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံးဖွင့်

ရန်ကုန်     နိုဝင်ဘာ    ၂၇

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံရုံးဖွင့်ပွဲကို ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့  မရမ်းကုန်းမြို့နယ် ပြည်လမ်းမ (၇)မိုင် အမှတ်(၇)ပြည်သူ့လမ်းသွယ်ရှိ အဆိုပါ သံရုံး၌ကျင်းပသည်။ 

အခမ်းအနားသို့  သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒိန်းမတ်နိုင်ငံ Trade And Development Cooperationမှ  ဝန်ကြီး H.E.Mr.Mogens Jensen၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ကျော်၊   ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂဆိုင်ရာ  ဌာနေကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့ အစည်းများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ  မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး   H.E.Mr.Peter Lysholt Hansen က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။ 

ယင်းနောက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့်ဒိန်းမတ်နိုင်ငံ Trade And Development Cooperation  မှဝန်ကြီး  H.E.Mr.Mogens Jensen တို့က ဂုဏ်ပြုအမှာစကားပြောကြားပြီး သံရုံးကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

(သတင်းစဉ်)
 
No comments:

Post a Comment