Monday, November 3, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဝတ်မှုန်ကူးပွဲတော်နှင့် ခေတ်မီရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှု ကြည့်ရှုအားပေး



 

နေပြည်တော် နိုဝင်ဘာ ၂


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် အဆင့်မြင့်စက်မှုလယ်ယာ ဧက ၃ဝဝဝ စံပြစိုက်ကွင်း၌ ပြုလုပ်သည့် တစ်ဆက်တစ်စပ်တည်း ပုလဲသွယ်စပ်မျိုးစပါး ဧက ၁ဝဝ မျိုးစေ့ထုတ်စိုက်ခင်း ဝတ်မှုန်ကူးပွဲတော်အား ကြည့်ရှုအားပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အဆင့်မြင့်စက်မှု လယ်ယာဧက ၃ဝဝဝ စံပြစိုက်ကွင်းမှ ဝန်ထမ်းများအား ဂုဏ်ပြုဝတ်စုံများပေးအပ်ပြီး ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နှင့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် တို့က ဝန်ထမ်းများနှင့် ကောက်စိုက်လုံမေများအား အချိုရည်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ခေတ်မီရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ဧက ၃ဝဝဝ ရှိ ၂ဝ၁၄ -၂ဝ၁၅ ခုနှစ် မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုခဲ့သည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ပျဉ်းမနား မြို့နယ် အလျင်လိုကျေးရွာ တစ်ဆက်တစ်စပ်တည်း ဧက ၄၄ဝ တောင်သူပညာပေးစံပြစိုက်ကွင်းသို့ ရောက်ရှိပြီး ဒေါ်ကျော့ကျော့ခိုင်၏ မိုးစပါးသုံးဧကတွင် ခေတ်မီ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုနှင့် ခေတ်မီ လယ်ထွန်စက်များဖြင့်ထွန်ယက်နေမှုတို့အား ကြည့်ရှုကာ အလျင်လိုကျေးရွာမှ တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နှုတ်ဆက်အားပေးစကားပြောကြား ခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ပုလဲသွယ်စပ်မျိုးစပါး မိုးစပါးစိုက်ကွင်းများနှင့် မျိုးစေ့ထုတ် စိုက်ခင်းဝတ်မှုန်ကူးပွဲတော်အား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ရှင်းလင်းဆောင်ခန်းမ၌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအား လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာလုပ် ငန်းစဉ်များ အကောင်အထည်ဖော်နေမှုနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြရာတွင် တစ်နိုင်ငံလုံး၏ စိုက်ပျိုးဧက ပမာဏနှင့်နှိုင်းယှဉ်တွက်ချက် ပါက ယနေ့အထိ ဆောင်ရွက်နိုင်မှုပမာဏသည် နည်းနေ သေးသော်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဟန်ချက်ညီစွာ အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်နိုင် ကြမည်ဆိုလျှင် တောင်သူလယ်သမားများအတွက် ဝင်ငွေ နှစ်ဆ တိုးတက်လာစေပြီး ဆင်းရဲနွမ်းပါးမှုကို ထိထိ ရောက်ရောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း ထည့်သွင်း တင်ပြခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က တိုင်းဒေသကြီး/ပြည်နယ်အလိုက် စက်မှုလယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် သိပံ္ပနည်းကျစိုက်ပျိုးနည်းစနစ်များ တိုးတက်စိုက်ပျိုးဆောင်ရွက်နေမှု၊ ဂရိတ်ဝေါကုမ္ပဏီ၊ နယူးဧရာကုမ္ပဏီနှင့် မြတ်အိနြေ္ဒကုမ္ပဏီတို့မှ တာဝန်ရှိသူ များက ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက စက်မှုလယ်ယာစနစ်ကူးပြောင်း ရေးအတွက် သမဝါယမ၏အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင် များအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆန်အရည်အသွေး ကောင်းမွန်ရန် ခေတ်မီဆန်စက်ကြီးများထူထောင်ရေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဒုတိယသမ္မတက တောင်သူလယ်သမားများဘဝ တိုးတက်ရန် အတွက် မြေပုံစံပြောင်းလဲခြင်း၊ စိုက်နည်းစနစ်မှန်ကန်ခြင်း၊ မျိုးကောင်း မျိုးသန့်ရရှိခြင်း၊ စက်မှုလယ်ယာစနစ်သို့ပြောင်းလဲခြင်းနှင့် တိုးတက်ကြီးပွား လိုသည့် စိတ်ဆန္ဒရှိခြင်းတို့ လိုအပ်ပါကြောင်း၊ ထို့ပြင် ဝင်ငွေတိုးတက်ရရှိ စေရန်အတွက် ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရန် လိုအပ်ပါ ကြောင်း၊ ဘိုးဘွားအမွေအနှစ် ရွှေဖြစ်သည့်လယ်ယာမြေများကို သားစဉ် မြေးဆက် လက်ဆင့်ကမ်းအမွေပေးနိုင်ရေး ရေရှည်တည်တံ့အောင်ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေး စိုက်ပျိုးရေးပညာရှင်များက ပံ့ပိုးကူညီဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် မှာကြားပြီး ဧက ၄၄ဝ တောင်သူပညာပေး စံပြစိုက်ကွင်းမှ ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြု ဝတ်စုံများပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ဝန်ထမ်းများနှင့်ကောက်စိုက် လုံမေများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတက တက်ရောက်လာသည့် တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားပြီး ခင်းကျင်းပြသထားသည့် မျိုးစေ့နှင့် သစ်သီးဝလံများ၊ မျိုးစေ့ သန့်စင်စက်ဖြင့် စပါးမျိုးစေ့သန့်စင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။ (သတင်းစဉ်)

No comments:

Post a Comment