Friday, November 28, 2014

အာဆင်နယ်နောက်တစ်ဆင့်တက်ပြီ

Photo: အာဆင်နယ်နောက်တစ်ဆင့်တက်ပြီ
=======================

အာဆင်နယ်နှင့်ဒေါ့မွန်တို့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ချန်ပီယံလိဂ်  အုပ်စုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်က နှစ်ဂိုးပြတ်ဖြင့် နိုင်ခဲ့ သည်။ 

ပွဲစပြီးနှစ်မိနစ်အကြာ  ဆာနိုဂိုက    အာဆင်နယ်အတွက် အဖွင့်ဂိုး  သွင်းယူခဲ့သည်။ ယာယာဆာနိုဂိုသည် အာဆင်နယ်အတွက် ပထမဆုံး ဂိုး သွင်းယူပေးခြင်းဖြစ်သည်။ အသက် ၂၁ နှစ်ရှိ ဆာနိုဂိုသည်  ကာဇိုလာနှင့် အပေးအယူကစားပြီး အာဆင်နယ်အတွက် ဂိုးသွင်းယူခဲ့သည်။ 

အာဆင်နယ်အတွက် ဒုတိယဂိုးကို   ဆန်ချက်ဇ်က   သွင်းယူခဲ့သည်။ အာဆင်နယ်တို့ ယင်းအနိုင်ပွဲကြောင့်  ရှုံးထွက် ၁၆ သင်းပြိုင်ပွဲကို ၁၅  နှစ် ဆက်တိုက်တက်ရောက်နိုင်ခဲ့သည်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment