Monday, November 3, 2014

သမ္မတမိုက်ကယ်ဆာတာ၏ ရုပ်အလောင်းကို ဇမ်ဘီယာနိုင်ငံသို့ လွှဲပေး




လန်ဒန် နိုဝင်ဘာ ၂ 

လွန်ခဲ့သည့် ရက်သတ္တပတ်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ကွယ်လွန်ခဲ့သော ဇမ်ဘီယာသမ္မတမိုက်ကယ်ဆာတာ၏ ရုပ်အလောင်းကို ၎င်း၏ နိုင်ငံသို့ နိုဝင်ဘာ ၂ ရက်တွင် လွှဲပြောင်းပေးအပ်လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက နိုဝင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ဇမ်ဘီယာသမ္မတ မိုက်ကယ်ဆာတာ ကွယ်လွန်သွားပြီးနောက် ဒုတိယသမ္မတဂေးစကော့သည် နှစ်၂ဝ ကာလအတွင်း ယင်းနိုင်ငံ၏ ပထမဆုံးလူဖြူသမ္မတဖြစ်လာသည်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ သမ္မတရွေးကောက်ပွဲကို ရက်ပေါင်း ၉ဝ အတွင်း ကျင်းပမည်ဖြစ်သည်။ ကြားကာလတွင် အခြေခံဥပဒေအရ ယာယီသမ္မတအဖြစ် ဂေးစကော့က တာဝန်ထမ်းဆောင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ကြီးကြပ်သွားမည်ဖြစ်သည်။ 

ဂေးစကော့၏ မိဘများသည် စကော့တလန်မှဖြစ်သဖြင့် ၎င်းမှာ သမ္မတရွေးကောက်ပွဲ ဝင်နိုင်မည်မဟုတ်သော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကဇမ်ဘီယာအစိုးရကလွှတ်တော်သို့ တင်သွင်းထားသော အခြေခံဥပဒေမူကြမ်းအသစ်တွင် သမ္မတလောင်း၏ မိဘများသည် ဇမ်ဘီယာနိုင်ငံ၌ မွေးဖွားသူဖြစ်ရမည်ဆိုသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ထားသည်။   ရိုက်တာ။

No comments:

Post a Comment