Sunday, November 2, 2014

တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအတွက် တွေ့ဆုံဆွေးနွေး

Photo: တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအတွက် တွေ့ဆုံဆွေးနွေး

ပဲခူး   နိုဝင်ဘာ   ၁

ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ အောအောက်တိုဘာ ၃ဝ ရက် မွန်းလွဲ၂နာရီက  ပဲခူးတိုင်းအတွင်း တရားဥပဒေစိုးမိုးရေး  လုပ်ငန်းစဉ်များအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ  အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊  တိုင်းဒေသကြီး  လွှတ်တော် မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊   ပဲခူးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး   ရဲမှူးကြီးမျိုး  မင်းထိုက်၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်  တိုင်းတရားရေးဦးစီးမှူး ဦးဌေးဝင်း၊ ပဲခူးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဇော်လင်းမောင်၊ ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးရဲထွဋ်၊ ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးခင်သိန်းမောင်တို့  တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းနှင့်  ပဲခူးတိုင်း ဒေသကြီးတွင် မှုခင်းများလျော့နည်းစေရန်   ပြည်သူနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ ပူပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း ပြောဆိုဆွေးနွေး ခဲ့သည်။  သန့်စင်(ပဲခူး)

No comments:

Post a Comment