Saturday, November 1, 2014

အဆင့်မြှင့်တင်တော့မည့် ပုသိမ်လေဆိပ်မှ ရှုခင်းကြည့်ခရီးစဉ်ကို ခရီးသည်များစိတ်ဝင်စားသော်လည်း စတင်ပြေးဆွဲရန် အခက်အခဲများရှိနေသေး

Photo: အဆင့်မြှင့်တင်တော့မည့် ပုသိမ်လေဆိပ်မှ ရှုခင်းကြည့်ခရီးစဉ်ကို ခရီးသည်များစိတ်ဝင်စားသော်လည်း စတင်ပြေးဆွဲရန် အခက်အခဲများရှိနေသေး
===============================================
 
သတင်း-ခင်ရတနာ
ဓာတ်ပုံ-မေဦးမိုး
 
ပုသိမ်   အောက်တိုဘာ  ၃၁

ပုသိမ်ချောင်းသာ  မော်တင်စွန်း ရှုခင်းကြည့်  ခရီးသွားလုပ်ငန်း  ဖော် ဆောင်မှုကို ယခုထက် ပိုမိုအားထည့် ဆောင်ရွက်ပါက   အောင်မြင်သည့် ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်လာနိုင်ပြီး မကြာမီ    အဆင့်မြှင့်တင်တော့မည့် ပုသိမ်လေဆိပ်လေကြောင်း   ခရီးစဉ် များအတွက်လည်း  အထောက်အပံ့ ကောင်းတစ်ခု    ဖြစ်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

မြန်မာ့လေကြောင်းမှ ရန်ကုန်-ပုသိမ်  လေကြောင်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲပေးနေပြီး  ပုသိမ်မှ ချောင်းသာ-မော်တင်စွန်း ရှုခင်းကြည့် ခရီးစဉ်များကို လူတစ်ဦးလျှင် ငွေကျပ် ငါးသောင်းခွဲနှုန်းဖြင့်  တစ်နာရီခန့် ကြည့်ရှုနိုင်ရန်   ကြေညာထားသော် လည်း လက်တွေ့တွင် ခရီးစဉ်စတင် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

''မြန်မာ့ကမ်းရိုးတန်းက  အလွန် သာယာပါတယ်။ ရှုခင်းကြည့် ခရီးစဉ် စတင်တယ်လို့    ကြေညာထားတဲ့ အတွက် ခရီးသွားတွေ  လာမေးကြ ပါတယ်။  ရန်ကုန်နဲ့  ပုသိမ်ခရီးက မော်တော်ကားလမ်း    ကောင်းမွန်   တာကြောင့်   လေကြောင်းလိုင်းကို    အားမကိုးကြပါဘူး။   ရှုခင်းကြည့် ခရီးစဉ်ကိုတော့    ဒေသခံတွေရော    ခရီးသွားတွေပါ အများကြီး စိတ်ဝင် တစားမေးမြန်းကြပါတယ်။  အခက် အခဲက လေယာဉ်က ရန်ကုန်ကနေ    လာရမှာဖြစ်လို့  လူစုပြီး ငှားရမ်းမှ အဆင်ပြေမယ့် အခြေအနေ ဖြစ်နေ ပါတယ်။ ပုသိမ်ကနေ ချောင်းသာနဲ့  ငွေဆောင်ကမ်းခြေကို    လာရောက် သူဦးရေ   မြင့်တက်ချိန် ခရီးသွား ရာသီမှာ   ရှုခင်းကြည့်ခရီးစဉ်ကို  အရောင်းမြှင့်တင်တာမျိုးလုပ်ပေးမယ် ဆိုရင်  ဝင်ငွေတိုးပွားမယ့်  ခရီးစဉ် တစ်ခုလို့ထင်မြင်မိတယ် '' ဟု ပုသိမ် လေဆိပ်မှ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန  တာဝန်ရှိသူက ပြောကြားသည်။

ပုသိမ်လေဆိပ်မှာ   ကွန်ကရစ် ပြေးလမ်း  အကျယ် ပေ ၂ဝဝ နှင့် အလျားပေ  ၉၃ဝဝ ခန့်  ရှည်လျားပြီး စီ၁၃ဝ လေယာဉ်ကြီးများပင် ဆိုက် ရောက်နိုင်သည့်  လေဆိပ်တစ်ခု    ဖြစ်သော်လည်း     လက်ရှိတွင်  ပုဂ္ဂလိကလေကြောင်းလိုင်း  အချို့နှင့်  တပ်မတော်တို့မှ    လေယာဉ်မောင်း နှင်ခြင်း   လေ့ကျင့်ရာလေဆိပ်တစ်ခု အဖြစ်သာရှိနေသည်ကို တွေ့ရသည်။

''ပုသိမ်လေဆိပ်ကို အဆင့်မြှင့် တင်ဖို့အတွက်     ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို   တင်ပြထားတာ   ရှိပါ တယ်။  ပုသိမ်လေဆိပ်မှာ ခရီးသည် တွေအတွက် Terminal တောင် မရှိ သေးပါဘူး။  အဆင့်မြှင့်ဖို့အတွက် အများကြီး    လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ဆီကိုလည်း  ခရီးသွား တွေက ရှုခင်းကြည့်ခရီးစဉ်အကြောင်း မေးမြန်းကြတာရှိပါတယ်။ လေယာဉ် အဆင်းအတက် ပုံမှန်မရှိတဲ့အတွက် ဆီထုတ်ယူခြင်းဆိုင်ရာ   အခက်အခဲ တွေကြောင့် လေယာဉ်တွေက ရန်ကုန် မှာပဲရှိတာမို့  ခရီးသည်တွေ  စီးနင်းဖို့ အခက်အခဲရှိနေတယ်''ဟု  တာဝန်   ရှိသူက ပြောသည်။

ထို့အပြင်  ဂျပန်နိုင်ငံ  ချီဆုအို ကာနှင့်      ယိုကိုဟားမားမြို့များနှင့် ပုသိမ်မြို့တို့မှာ   ညီအစ်မမြို့တော် အဖြစ်  ဆောင်ရွက်ရန်  ဆွေးနွေး ညှိနှိုင်းလျက်ရှိပြီး   ဂျပန်မြို့များနှင့် ပုသိမ်မြို့     တိုက်ရိုက်လေကြောင်း ခရီးစဉ်များ  စတင်နိုင်ရန်အတွက် လည်း   နှစ်နိုင်ငံတာဝန်ရှိသူများ  စတင်ချိတ်ဆက်      လုပ်ကိုင်နေပြီ ဖြစ်သည်။

''၂ဝ၁၅ခုနှစ်အတွင်းမှာ ပုသိမ် လေဆိပ်ကို အဆင့်မြှင့်တင်သွားဖို့ရှိပါ တယ်။  လုပ်ငန်းညှိနှိုင်းမှုတွေ  ဆောင် ရွက်နေပြီး မကြာမီ အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။    ပုသိမ် လေဆိပ်ကို   နိုင်ငံတကာအဆင့်မီ လေဆိပ်တစ်ခုအဖြစ်    မြင်တွေ့ရ တော့မှာ  ဖြစ်ပါတယ်'' ဟု  ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန် ရှိသူတစ်ဦးကလည်းပြော သည်။ 

ခရီးသည်အများစုမှာ   ရှုခင်း ကြည့်ခရီးစဉ်ကို  စိတ်ဝင်တစားဖြင့် မေးမြန်းကြခြင်းကြောင့်   ချိတ်ဆက် သော်လည်း  ခရီးသည်အခြေအနေ၊ လေယာဉ်ရောက်ရှိသည့်  နေ့ရက် ညှိနှိုင်းရန်     အခက်အခဲများကြောင့် ပို့ဆောင်နိုင်ခြင်း    မရှိသေးကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ  နယူး မိုဘိုင်းမှ    ကိုလင်းလင်းကလည်း ပြောသည်။             (မြန်မာ့အလင်း)

Like

No comments:

Post a Comment