Friday, November 28, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အာဆီယံ - ရုရှား လူငယ်အနုပညာသံစုံတီးဝိုင်းဖျော်ဖြေပွဲ တက်ရောက်အားပေး

Photo: ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အာဆီယံ - ရုရှား လူငယ်အနုပညာသံစုံတီးဝိုင်းဖျော်ဖြေပွဲ တက်ရောက်အားပေး

နေပြည်တော်   နိုဝင်ဘာ   ၂၇

အာဆီယံ-ရုရှား လူငယ်အနုပညာသံစုံတီးဝိုင်းက  ဖျော်ဖြေတင်ဆက်သည့်  The Cultural Program to celebrate Myanmar's Chairmanship of ASEAN-2014   ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီ ၁ဝ မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

တေးဂီတဖျော်ဖြေပွဲသို့   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖျော်ဖြေပွဲတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr.Vasily Pospelov တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ထို့နောက်   အာဆီယံ-ရုရှား  လူငယ်အနုပညာသံစုံတီးဝိုင်းအဖွဲ့က ဆောင်းရယ်နှင်းရယ် ကိုယ့်ချစ်သူရယ်၊ တိမ်တမန် မြန်မာတေးသီချင်းများအပြင် ရုရှားနိုင်ငံ တေးသီချင်းများဖြင့် တီးခတ်ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက  ခိုင်ပန်းစုံနှစ်ပါးသွားအကနှင့်  ကဗျာ့ပန်းမြိုင်လယ်ယိမ်းအကဖြင့် လည်းကောင်း၊ ရုရှား Folk  Group က ရုရှားတေးသီချင်းများဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြသည်။

ဖျော်ဖြေပွဲအပြီးတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့က ဖျော်ဖြေ တင်ဆက်ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းတို့ကို ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။  (သတင်းစဉ်)

No comments:

Post a Comment