Sunday, November 30, 2014

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် အာရ်ဘီအီး လူစီးရထား မကြာမီစတင်ပြေးဆွဲမည်

Photo: ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် အာရ်ဘီအီး လူစီးရထား မကြာမီစတင်ပြေးဆွဲမည်

ရန်ကုန်  နိုဝင်ဘာ  ၂၉

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ   သွားလာမှု အဆင်ပြေစေရန် ရန်ကုန်မြို့ ကမ်းနား လမ်းတစ်လျှောက်တွင်   လာမည့် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ အာရ်ဘီအီး လူစီးရထားကို စတင် ပြေးဆွဲပေးတော့မည်   ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ 

'' အခုလို  အာရ်ဘီအီး  လူစီး ရထားကို  ရန်ကုန်မြို့  ကမ်းနားလမ်း တစ်လျှောက် ပြေးဆွဲပေးဖို့  ရည်ရွယ် လုပ်ဆောင်ဖြစ်တာကတော့  ရန်ကုန် မြစ်တစ်ဖက်ကမ်းကနေ    နေ့စဉ် အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန် မြို့တွင်းသွားလာနေကြရတဲ့ ခရီးသည် တွေ   သွားလာတဲ့အခါ  လွယ်ကူ သက်သာပြီး      အချိန်တိုအတွင်း လိုရာခရီးကို   ပို့ဆောင်ပေးနိုင်ဖို့ အပြင်   ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ပေးနိုင်ဖို့နဲ့ မြို့ပတ်ရထား တွေနဲ့လည်း  ချိတ်ဆက်သွားလာနိုင် စေဖို့ကို ရည်ရွယ်လုပ်ဆောင်ပြေးဆွဲပေးတာဖြစ်ပါတယ်''ဟု    ရထား ပို့ဆောင်ရေးဝန်ကြီးဌာန   မြန်မာ့ မီးရထားမှ   ဦးထွန်းအောင်သင်း အထွေထွေမန်နေဂျာ    (အောက် မြန်မာပြည်)က နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာ့မီးရထား (အောက်မြန်မာပြည်)ရုံး၌   ပြုလုပ် သည့်မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ သည်။ 

ယခုလာမည့် ဒီဇင်ဘာလဆန်း ပိုင်းတွင်    စတင်ပြေးဆွဲပေးမည့် ကမ်းနားလမ်းတစ်လျှောက် အာရ်ဘီ အီး လူစီးရထားတွင် လူစီးတွဲတစ်တွဲ လျှင် ထိုင်ခုံဖြင့်ထိုင်စီးနိုင်သည့် ခရီး သည် ၆ဝ နှင့် ရပ်စီးခရီးသည် ၆ဝ လိုက်ပါစီးနင်းနိုင်သည့် တွဲနှစ်တွဲဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ပြီး နောက် ပိုင်းခရီးသည်များ၏ လိုအပ်ချက်ရှိ ပါက လိုအပ်သလိုတွဲဆိုင်များကို ချိတ် ဆွဲပေးသွားမည်ဖြစ်ကြောင်း   သိရ သည်။ 
 
အဆိုပါ ကမ်းနားလမ်း  တစ် လျှောက်ပြေးဆွဲပေးမည့် အာရ်ဘီအီး ရထားလမ်းကြောင်း   ခရီးစဉ်ကို ကမ်းနားလမ်း   အာရ်ဘီအီး(အေ) ရထား (ပုဇွန်တောင်- ပန်းဆိုးတန်း- ပုဇွန်တောင်)နှင့်   ကမ်းနားလမ်း အာရ်ဘီအီး (ဘီ)ရထား(ပန်းဆိုးတန်း- ထော်လီကွေ့-ပန်းဆိုးတန်း)  ဟူ၍ ခရီးစဉ်နှစ်ဖြတ် စုစုပေါင်းခရီးမိုင် ၃ ဒသမ ၆၆  မိုင်ကို   ပြေးဆွဲပေးမည် ဖြစ်သည်။ အာရ်ဘီအီး (အေ)ရထား (ပုဇွန်တောင်- ပန်းဆိုးတန်း- ပုဇွန် တောင်)ခရီးစဉ်ကို ခရီးသည်တစ်ဦး လျှင် ငွေကျပ် ၁ဝဝ နှုန်းဖြင့်လည်း ကောင်း၊ အာရ်ဘီအီး(ဘီ)ရထား (ပန်းဆိုးတန်း-ထော်လီကွေ့-ပန်းဆိုး တန်း)ခရီးစဉ်ကို ခရီးသည်တစ်ဦး လျှင် ငွေကျပ် ၁ဝဝ နှုန်းတို့ဖြင့် သတ် မှတ်ထားပြီး လက်မှတ်များကို ရထား ပေါ်တွင်ပင်  ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

'' ဒီကမ်းနားလမ်းတစ်လျှောက် အာရ်ဘီအီးခရီးစဉ်မှာ လိုက်ပါစီးနင်း တဲ့  ခရီးသည်တွေအနေနဲ့ ရန်ကုန် မြို့ရဲ့ ကမ်းနားလမ်းတစ်လျှောက်မှာ ရှိတဲ့ရှုခင်းမြင်ကွင်းတွေကို    အထူး တလည်မြင်တွေ့ခံစားနိုင်မှာပါ။အထူး သဖြင့်  နိုင်ငံခြားသားခရီးသွားတွေ ပေါ့ ''ဟု ဦးထွန်းအောင်သင်းက  မြန် မာ့အလင်းသို့ထပ်မံပြောကြားသည်။ 

၎င်းအာရ်ဘီအီး  ရထားသည် အဆိုပါလမ်းကြောင်းပြေးဆွဲရာတွင် ပြည်သူများ    ဖြတ်သန်းသွားလာရာ နေရာများတွင်     ကားများကဲ့သို့   ရပ်တန့်စောင့်ဆိုင်းပြေးဆွဲပေးသွား မည်ဖြစ်သည်။   အာရ်ဘီအီး(အေ) ရထား (ပုဇွန်တောင်- ပန်းဆိုးတန်း- ပုဇွန်တောင်)ခရီးစဉ်တွင် ရပ်နားပေး မည့်  ရပ်စခန်းဘူတာများမှာ  ပုဇွန် တောင် ရပ်စခန်းဘူတာ၊ ရေကျော်ရပ် စခန်းဘူတာ၊  တာဝတိံသာရပ်စခန်း ဘူတာ၊ လင်းစဒေါင်းရပ်စခန်းဘူတာ၊ ဗိုလ်တထောင်  ရပ်စခန်းဘူတာနှင့်  ပန်းဆိုးတန်းရပ်စခန်းဘူတာတို့ဖြစ် ပြီး အာရ်ဘီအီး(ဘီ)ရထား(ပန်းဆိုး တန်း-ထော်လီကွေ့-ပန်းဆိုးတန်း)ခရီးစဉ်တွင်   ပန်းဆိုးတန်းရပ်စခန်း၊ ဆူးလေရပ်စခန်း၊ ရွှေတိဂုံရပ်စခန်း၊ စဥ့်အိုးတန်းရပ်စခန်း၊  မော်တင်ရပ် စခန်း၊ ဝါးတန်းရပ်စခန်းနှင့် ထော်လီ ကွေ့ရပ်စခန်းတို့ဖြစ်ပြီး    ခရီးစဉ် တစ်ဖြတ်တွင် ၂၅ မိနစ်/ နာရီဝက်ခန့် သာ    မောင်းနှင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ယခုပြေးဆွဲပေးမည့်   ကမ်းနား လမ်းတစ်လျှောက် အာရ်ဘီအီးလူစီးရထားလမ်းကြောင်းသည် လွန်ခဲ့သော ၁၈၈ဝ  ခုနှစ်  မတ်လ  ၁  ရက်က ရန်ကုန်မြစ်တစ်လျှောက်ရှိ ဆိပ်ကမ်း များမှ  ကုန်စည်များကို  ကုန်ထုတ် ရထားဖြင့်  သည်ယူပို့ဆောင်နိုင်ရန် အတွက်  ဓနိတောမှ  အလုံအထိ ကုန်ရထားလမ်းနှင့် လမ်းမြှောင်လမ်း တို့ကို မြန်မာ့မီးရထားက ဖွင့်လှစ်ပေး ခဲ့သည်။ ယင်းနောက် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် လင်းစဒေါင်းမှ အလုံအထိ ကုန်ရထားလမ်းပိုင်းကို   ပြန်လည် ဖြုတ်သိမ်းခဲ့ပြီး ယခုပြေးဆွဲပေးမည့် ရထားလမ်းနှင့်  ကားလမ်းတွဲလျက် ပါသော    ကမ်းနားလမ်းသစ်ကြီး ကို   ဖောက်လုပ်ခဲ့ပြီး   ကုန်ရထား ပြေးဆွဲပေးခြင်းလုပ်ငန်းများကို   ပြန် လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 
             
  (မြန်မာ့အလင်း)

No comments:

Post a Comment