Sunday, November 30, 2014

ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ သမ္မတပြန်ဖြစ်ရန် ရေပန်းစား

Photo: ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ သမ္မတပြန်ဖြစ်ရန် ရေပန်းစား

ပါရီ  နိုဝင်ဘာ  ၂၉

ပြင်သစ်   ကွန်ဆာဗေးတစ်များအနေဖြင့်    နိုင်ငံရေးလောကသို့ ပြန်လာနိုင်သော နီကိုလတ်ဆာကိုဇီအား လာမည့်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ကြမည်ဟုဆိုသည်။

ပြင်သစ်နိုင်ငံ၏ အဓိကအတိုက်အခံပါတီ ယူအမ်ပီပါတီက ၎င်းတို့ ၏ ဥက္ကဋ္ဌဖြစ်လာနိုင်သောသူအတွက် မဲပေးဆုံးဖြတ်ကြမည်ဖြစ်သည်။

ပြင်သစ်သမ္မတအဖြစ်သက်တမ်းတစ်ကြိမ်   ထမ်းဆောင်ခဲ့သော မစ္စတာဆာကိုဇီသည် အဆိုပါမဲပေးရာတွင်  အနိုင်ရရှိရန်ရေပန်းစားနေသည်။ ပါတီကရွေးချယ်ပေးလိုက်သူသည် ၂ဝ၁၇ ခုနှစ်သမ္မတရွေးကောက်ပွဲအတွက်  သမ္မတလောင်းဖြစ်လာ မည်ဖြစ်သည်။ မဲပေးမှုကာလသည် နှစ်ရက်တာဖြစ်ပြီး     စနေနေ့တွင် အဆုံးသတ်မည်ဖြစ်သည်။

အဆိုပါ  သမ္မတလောင်းရာထူးနေရာအတွက် မစ္စတာဆာကိုဇီသည် ဘရူနိုလီမာရီနှင့်ဟာဗီမာရီတန်တို့ ကို  အဓိကစိန်ခေါ်ရမည်ဖြစ်သည်။ သို့သော်လည်း   သမ္မတလောင်းဆာကိုဇီသည်    ၂ဝ၁၂   သမ္မတ ရွေးကောက်ပွဲတွင်    ရှုံးနိမ့်သွားသော  ဆိုရှယ်လစ်ဝါဒီ  ဖရန်ဆွာ ဟော်လန်ကို အနိုင်ရရှိရန်ရေပန်း  စားနေသည်။ လက်ရှိသမ္မတမစ္စတာ ဟော်လန်သည်  ပြင်သစ်ခေတ်သစ် သမိုင်းတွင်   လူကြိုက်အနည်းဆုံး သမ္မတဖြစ်နေသည်။  ယူအမ်ပီပါတီအနေဖြင့်  ဆာကိုဇီအား ပါတီဥက္ကဋ္ဌ ပြန်ရွေးပြီး  ၂ဝ၁၇  ခုနှစ်  သမ္မတရွေးကောက်ပွဲ    ဝင်ရောက်ဖွယ်ရှိသည်။                        

(ဘီဘီစီ)

No comments:

Post a Comment