Sunday, November 30, 2014

အာဆီယံဆူဇူကီးပြိုင်ပွဲတွင် ထိုင်းနှင့်မလေးရှာဆီမီးတက်ပြီ မြန်မာအသင်းထိုင်းကို ထပ်မံရှုံးနိမ့်

Photo: အာဆီယံဆူဇူကီးပြိုင်ပွဲတွင် ထိုင်းနှင့်မလေးရှာဆီမီးတက်ပြီ မြန်မာအသင်းထိုင်းကို ထပ်မံရှုံးနိမ့်

စင်ကာပူ   နိုဝင်ဘာ   ၂၉

အာဆီယံ ဆူဇူကီးဖလားဘောလုံး ပြိုင်ပွဲအုပ်စု (က) နောက်ဆုံးပွဲစဉ် များကို ယနေ့ညနေပိုင်းက စင်ကာပူ နိုင်ငံတွင်   ဆက်လက်ကျင်းပရာ မြန်မာအသင်းမှာ   ထိုင်းအသင်းကို နှစ်ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

ထိုင်း - နှစ်ဂိုး
မြန်မာ - ဂိုးမရှိ
ဆီမီးတက်ရေး  မျှော်လင့်ချက် 

အနည်းငယ်ရှိသည့် မြန်မာအသင်းမှာ နိုင်ပွဲရရေး  ကြိုးပမ်းခဲ့သော်လည်း အရှုံးရလဒ်ဖြင့်သာ ရင်ဆိုင်ခဲ့ရသည်။ မြန်မာအသင်းမှာ  ယခင်ပွဲများထက် ကစားပုံ     ပိုကောင်းခဲ့သော်လည်း တစ်ကိုယ်တော် ထိုးဖောက်မှုများနေ ခြင်း၊ အဆုံးသတ် မသေချာခြင်းတို့ ကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ထိုင်း အသင်းမှာ အုပ်စုသုံးပွဲစလုံး အနိုင်ရရှိ ကာ အုပ်စုပထမနေရာ ရရှိခဲ့သည်။

မြန်မာအသင်းမှာ   ပွဲထွက်လူ စာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂိုး-သီဟစည်သူ၊ နောက်-ဒေးဗစ်ဒန်း၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ စည်သူ အောင်၊ လယ်-မင်းမင်းသူ၊ ဝင်းမင်း ထွဋ်၊ ကြည်လင်း၊ ကျော်ဇေယျာဝင်း၊ စိုးမင်းဦး၊ ရှေ့-ကျော်ကိုကိုတို့ ပါဝင် ကစားခဲ့သည်။   မြန်မာအသင်းမှာ နောက်တစ်ဆင့်တက်ရေး မျှော်လင့် ချက်အနည်းငယ်ရှိ၍ ပွဲစကတည်းက ကြိုးပမ်းခဲ့သော်လည်း   အဆုံးသတ် ဂိုးသွင်းအားနည်းခဲ့၍   ဂိုးမရခဲ့ပေ။ အသင်းခေါင်းဆောင်အဖြစ်  ပါဝင် ကစားခဲ့သည့်ကျော်ကိုကိုမှာ ဂိုးရနိုင် သည့် အပိုင်အခွင့်အရေး လေးကြိမ် ခန့်ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ ၁၂ မိနစ်တွင် ကီဆာရွတ်က အဝေး ကန်ချက်ဖြင့် ထိုင်းအတွက် ဂိုးစတင် သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုး ရရှိနိုင်သည့်အခွင့်အရေးများ ထပ်မံရရှိခဲ့သော်လည်း အသုံးမချနိုင် ခဲ့ပေ။ ထိုင်းအသင်းအတွက် ဒုတိယ ဂိုး ၈၄မိနစ်တွင် ပီရာတစ်က ပြစ်ဒဏ် ဘောကို  တိုက်ရိုက်ကန်သွင်းယူခဲ့ သည်။ မြန်မာအသင်းမှာမလိုအပ်ဘဲ တစ်ကိုယ်တော် ထိုးဖောက်မှုများခဲ့၍ ရှုံးသွားရခြင်းဖြစ်သည်။

အမျိုးသားအားကစားကွင်းတွင် ကျင်းပသော   အိမ်ရှင်စင်ကာပူနှင့် မလေးရှားအသင်းတို့ပွဲတွင် မလေးရှား အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည်။

အုပ်စု(ခ)  ပွဲစဉ်များအပြီးတွင် ထိုင်းအသင်းက သုံးပွဲနိုင် ကိုးမှတ်ဖြင့် အုပ်စု ပထမ၊ မလေးရှားအသင်းက တစ်ပွဲနိုင်၊  တစ်ပွဲသရေ၊  တစ်ပွဲရှုံး၊ လေးမှတ်ဖြင့်ဆီမီးအဆင့်သို့ တက် ရောက်သွားသည်။ သုံးမှတ်ရရှိသည့် လက်ရှိချန်ပီယံစင်ကာပူနှင့် တစ်မှတ် ရသည့် မြန်မာအသင်းမှာအုပ်စုအဆင့် မှထွက်ခဲ့ရသည်။

ညီမြတ်သော်တာ

No comments:

Post a Comment