Tuesday, October 28, 2014

ပင်လောင်း-ကင်းသာ ကားလမ်းတွင် ယာဉ်ဘရိတ်ပေါက်၍ တိမ်းမှောက်

 Photo: ပင်လောင်း-ကင်းသာ ကားလမ်းတွင် ယာဉ်ဘရိတ်ပေါက်၍ တိမ်းမှောက်

တပ်ကုန်း အောက်တိုဘာ ၂၇

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ပင်လောင်း-ကင်းသာလမ်း မိုင်တိုင်အမှတ် (၅/၇)တွင် အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီက ယာဉ်မောင်း ဝင်း သန်းစိုး (၃ဝ)နှစ်  ဒေါသမ ရပ်ကွက် လွိုင်ကော်မြို့နေသူ  မောင်းနှင်လာသော   ယာဉ်အမှတ် 5B/-----(ရွှေကယားယာဉ်လိုင်း)သည် ဘရိတ် ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်သို့ တိမ်းမှောက်ခဲ့ရာ(ယာပုံ)နေရာသို့  တပ်ကုန်းမြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ  သွားရောက်၍ လိုအပ်သည်များကို  ကူညီဆောင် ရွက်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်တွင်  အမျိုးသား ငါးဦး၊ အမျိုးသမီးကိုးဦး စုစုပေါင်း ၁၄ ဦး မှာ ပြင်ပဒဏ်ရာအနည်းငယ်သာ ရရှိပြီး တပ်ကုန်းမြို့နယ် ခုတင် ၁ဝဝ ဆေးရုံ၌ ဆေးဝါးကုသခံမှုယူလျက်ရှိ သည်။

ပေါလ(၂ဝ)နှစ် နောင်ယားတိုးချဲ့ ရပ်ကွက်  လွိုင်ကော်မြို့နေသူမှာ နေရာတွင်ပင်သေဆုံးသွားပြီး ယာဉ်မောင်း ဝင်းသန်းစိုး  နံရိုးကျိုးဒဏ် ရာ(စိုးရိမ်ရ)နှင့် တူးတူးလေး(၂ဝ)နှစ် ဆီးဘူးရပ်ကွက်  လွိုင်ကော်မြို့နေ ဦးခေါင်းပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ)တို့အား  ဆေးဝါးကုသခံယူရန် နေပြည်တော် ခုတင် (၁ဝဝဝ)ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း သိရသည်။                   
(တင်စိုးလွင်)
 
No comments:

Post a Comment