Tuesday, October 28, 2014

ဟန်ဂေရီတွင် အင်တာနက်ခွန်ကို ကန့်ကွက်ဆန္ဒပြ

 Photo: ဟန်ဂေရီတွင် အင်တာနက်ခွန်ကို ကန့်ကွက်ဆန္ဒပြ
===============================

ဘူဒါပက်      အောက်တိုဘာ      ၂၇

ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပက်တွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက အင်တာနက်အသုံးပြုမှုအပေါ် အခွန်ကောက်ခံရန် ဥပဒေအဆိုပြုထားခြင်းကို ရပ်ဆိုင်းရန် ယနေ့တောင်းဆိုကြသည်။

ဆန္ဒပြသူများသည် စီးပွားရေးဝန်ကြီးဌာန၏ အပြင်ဘက်တွင် ၄င်းတို့၏မိုဘိုင်းဖုန်းများကို ကိုင်မြှောက်ပြပြီး အာဏာရပါတီ ဖီဒီး(ဇ်)၏ဝင်ပေါက်တွင် ကွန်ပျူတာအစိတ်အပိုင်းဟောင်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ယင်းဥပဒေကို အတည်ပြုခဲ့လျှင် ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်းဖြစ်ပြီး ဆင်းရဲသားများကို ထိခိုက်မည်ဖြစ် ကြောင်း လှုပ်ရှားသူများက ပြောသည်။

ဝန်ကြီးများက အခွန်နှုန်းထားကို ကန့်သတ်ပေးမည်ဟု ကတိပြုကြသည်။
ဝန်ကြီးချုပ် ဗစ်တာအော်ဘန်အစိုးရ အဆိုပြုထားသည့် ဥပဒေကြမ်းအရ အသုံးပြုသော အချက်အလက် တစ်ဂီဂါဗိုက်လျှင် ၄င်းနိုင်ငံသုံးငွေဖိုရင့် ၁၅ဝ (ဒေါ်လာ သုညဒသမ ၆ဝ) စည်းကြပ်မည်ဖြစ်သည်။           

ဘီဘီစီ။
 
No comments:

Post a Comment