Tuesday, October 28, 2014

လက်ဘနွန်ကြည်းတပ်က ထရီပိုလီမြို့တွင် စစ်သွေးကြွများအား အရှိန်မြှင့် တိုက်ခိုက်

 Photo: လက်ဘနွန်ကြည်းတပ်က ထရီပိုလီမြို့တွင်
စစ်သွေးကြွများအား အရှိန်မြှင့်တိုက်ခိုက်
=========================

ဘေရွတ်     အောက်တိုဘာ     ၂၇

လက်ဘနွန်အစိုးရတပ်ဖွဲ့များက ထရီပိုလီမြို့တွင် ဆွန်နီစစ်သွေးကြွ  လက်နက်ကိုင်များအား  ပြင်းထန်စွာ ချေမှုန်းတိုက်ခိုက်လျက်ရှိရာ   တိုက်ပွဲများဖြစ်ပွားသည့် တတိယမြောက်နေ့တွင် စစ်သွေးကြွများအား ထရီပိုလီမြို့ ဟောင်းအတွင်းမှ   မောင်းထုတ်နိုင်ခဲ့သည်ဟု ယနေ့ဘီဘီစီ သတင်းတွင် ဖော်ပြသည်။

ပျံ့နှံ့သွား

တိုက်ခိုက်မှုများမှာ ဆွန်နီလူနေရပ်ကွက်များရှိရာထိ ပျံ့နှံ့သွားခဲ့ပြီး လက်ဘနွန်ကြည်းတပ်မှ သံချပ်ကာယာဉ် များနှင့် တင့်ကားများကိုပါ သုံးစွဲတိုက်ခိုက်ခဲ့သည်။တိုက်ပွဲများအတွင်း   လက်ဘနွန်တပ်ဖွဲ့မှ တပ်သား ငါးဦးထက်မနည်းနှင့်   အရပ်သားနှစ်ဦး   သေဆုံးခဲ့ သည်။

ယင်းလက်နက်ကိုင် တိုက်ခိုက်မှုများသည် အောက် တိုဘာ ၂၄ ရက်တွင်  စတင်ဖြစ်ပွားခဲ့ပြီး  ထရီပိုလီမြို့ အစွန်အဖျားကျေးရွာ၌ ယင်းနေ့မတိုင်မီက အိုင်အက်စ် အဖွဲ့နှင့် ဆက်နွှယ်မှုရှိသော စစ်သွေးကြွသုံးဦး အသတ်ခံရ ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားပြည်တွင်းစစ်စတင်ကတည်းကပင် ထရီ ပိုလီမြို့၌ စစ်သွေးကြွများ၏ တိုက်ခိုက်မှုအချို့ရှိခဲ့သော် လည်း ရှေးဟောင်းသမိုင်းဝင် ထရီပိုလီမြို့ဟောင်းအား စစ်သွေးကြွများက သိမ်းပိုက်ခဲ့သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ဖမ်းဆီးရမိ

ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ရွေးချယ်သတ်မှတ်သော ထရီပိုလီမြို့ဟောင်းဈေးတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး ယင်းနေ့ တိုက်ပွဲအပြီး တွင် လက်နက်ကိုင်များနှင့် စစ်လက်နက်များ၊ ခဲယမ်းမီး ကျောက်များကို ဖမ်းဆီးရမိကြောင်း လက်ဘနွန်စစ်ဘက် က ပြောကြားသည်။

ဆွန်နီစစ်သွေးကြွများသည် အောက်တိုဘာ ၂၆ ရက်တွင် ဆွန်နီလူနေရပ်ကွက်များအတွင်းသို့ ဆုတ်ခွာသွား ကြောင်း သတင်းတွင်ဖော်ပြသည်။                

ဘီဘီစီ။
 
No comments:

Post a Comment