Wednesday, October 29, 2014

လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ်နိုင်ငံတောင်ပိုင်း၌ ရဲတပ်ဖွဲ့ဖြိုခွင်း

 Photo: လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ်နိုင်ငံတောင်ပိုင်း၌ ရဲတပ်ဖွဲ့ဖြိုခွင်း
=============================================

ပါရီ    အောက်တိုဘာ    ၂၈

ပြင်သစ်နိုင်ငံတောင်ပိုင်း အဂ္ဂဒေး မြို့၌ ဆပ်ကပ်လူရွှင်တော် မျက်နှာဖုံးတပ် ဆင်ကာ  အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသောဂိုဏ်းတစ်ဂိုဏ်းကို ရဲတပ်ဖွဲ့ က ဖြိုခွင်းခဲ့ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများ က အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

အဖွဲ့ဝင် ၁၄ ဦးပါ အဆိုပါဂိုဏ်း၏ ဂိုဏ်းဝင်များမှာ ဆယ်ကျော်သက်ရွယ်လူငယ် များဖြစ်ကြပြီး  သေနတ်များ၊  ဓားများနှင့် တင်းပုတ်များကို  ကိုင်ဆောင်ကာ  အများ ပြည်သူတို့အား ခြိမ်းခြောက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ပြင်သစ်နိုင်ငံ အဂ္ဂဒေးမြို့ရှိ အထက် တန်းကျောင်းတစ်ကျောင်း၏ ကားရပ်နား ရာနေရာတွင် လက်နက်များ ကိုင်ဆောင် ထားသည့်  ဆယ်ကျော်သက်ရွယ်လူငယ် ၁၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထိုစဉ်အတွင်း မောင့်ပယ်လီယာမြို့၌ ဆပ်ကပ်လူရွှင်တော်မျက်နှာဖုံးစွပ်  အကြမ်း ဖက်သမားတစ်ဦးကို  ရဲတပ်ဖွဲ့က  ဖမ်းဆီး ခဲ့သည်။ အဆိုပါ အကြမ်းဖက်သမားသည် လမ်းသွားလမ်းလာများကို သံတုတ်တစ်ချောင်း ဖြင့် လိုက်ရိုက်နေခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

မကြာသေးမီ  ရက်သတ္တပတ်များ အတွင်း ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ရှိ မြို့အချို့တွင် ဆပ်ကပ် လူရွှင်တော်မျက်နှာဖုံးစွပ်  အကြမ်းဖက် သမားများကို    တွေ့မြင်ခဲ့ကြရကြောင်း သတင်းတွင်ဖော်ပြသည်။       ပီတီအိုင်။
 
No comments:

Post a Comment